မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

ဒီအစီအစဉ်စနစ် အဆုံးကို ယုံကြည်စိတ်ချမှု အပြည့်နဲ့ မျှော်လင့်နေပါ

ဒီအစီအစဉ်စနစ် အဆုံးကို ယုံကြည်စိတ်ချမှု အပြည့်နဲ့ မျှော်လင့်နေပါ

ဒီ​လောက​စနစ်​အပေါ် ယေဟောဝါရဲ့ စိတ်ရှည်မှု မကြာခင် အဆုံးတိုင်ပါတော့မယ်။ မှားယွင်းတဲ့ ဘာသာရေး ဖျက်ဆီးခံရမယ်။ နိုင်ငံပေါင်းစုံ စုပေါင်း​ထားတဲ့ မဟာမိတ်အဖွဲ့ ဘုရား​လူမျိုးကို တိုက်ခိုက်မယ်။ အာမဂေဒုန်မှာ လူဆိုးတွေကို ယေဟောဝါ သုတ်သင်​ရှင်းလင်း​မယ်။ အရေးကြီးတဲ့ အဲဒီ​အဖြစ်အပျက်​တွေ ဖြစ်ပျက်​ဖို့ ခရစ်ယာန်တွေ စောင့်မျှော်နေကြတယ်။

ကြီးစွာသောဒုက္ခ​နဲ့​ပတ်သက်တဲ့ အသေးစိတ် အချက်အလက် အားလုံးကို ကျွန်တော်တို့ မသိကြဘူး။ ဥပမာ၊ စတင်​မယ့် အချိန် အတိအကျ​ကို မသိဘူး။ နိုင်ငံရေး​က ဘာအကြောင်း​ပြချက်​နဲ့ ဘာသာရေး​ကို တိုက်ခိုက်မယ်​ဆိုတာ မသိဘူး။ လူမျိုး​တွေ​က ဘုရား​လူမျိုးကို ဘယ်လောက်ကြာကြာ တိုက်ခိုက်မယ်၊ ဘာတွေ ပါဝင်​မယ်​ဆိုတာ မသိကြဘူး။ အာမဂေဒုန်မှာ လူဆိုးတွေကို ဖျက်ဆီးတဲ့အခါ ယေဟောဝါ ဘာတွေ အသုံးပြုမယ် ဆိုတာ​လည်း မသိကြဘူး။

ဒါပေမဲ့ အနာဂတ်​ကို ယုံကြည်စိတ်ချမှု အပြည့်၊ ရဲစွမ်းသတ္တိရှိရှိ ရင်ဆိုင်ဖို့ လိုအပ်တဲ့ အချက်အလက် အားလုံးကို ကျမ်းစာမှာ ဖော်ပြထားတယ်။ ဥပမာ၊ “နောက်ဆုံး​ကာလ” အဆုံးပိုင်းမှာ အသက်ရှင်နေရတယ်ဆိုတာ ကျွန်တော်တို့ သိထားကြတယ်။ (၂​တိ ၃:၁) စစ်မှန်တဲ့​ဘာသာ ဖျက်ဆီး​မခံရ​ဖို့ ဘာသာရေး​ကို တိုက်ခိုက်တဲ့​ကာလ “တို” မယ်​ဆိုတာ သိထားကြတယ်။ (မ ၂၄:၂၂) ယေဟောဝါ မိမိလူမျိုးကို ကယ်တင်မယ်​ဆိုတာ သိထားကြတယ်။ (၂​ပ ၂:၉) လူဆိုးတွေကို သုတ်သင်​ဖို့၊ လူအုပ်ကြီး​ကို အာမဂေဒုန်​တစ်လျှောက် ကာကွယ်​ပေးဖို့ ဘုရား​ရွေးချယ်ထားသူဟာ သစ္စာရှိသူ၊ တန်ခိုးကြီးသူ ဖြစ်တယ်ဆိုတာ​လည်း ကျွန်တော်တို့ သိထားကြ​ပါတယ်။—ဗ ၁၉:၁၁၊ ၁၅၊ ၁၆

လူတွေဟာ အနာဂတ်မှာ ဖြစ်လာမယ့်​အရာတွေကို မျှော်မြင်ပြီး “ကြောက်လွန်းလို့ မေ့မြော​သွား​ကြလိမ့်မယ်။” ဒါပေမဲ့ အတိတ်က ယေဟောဝါရဲ့ ကယ်တင်ခြင်း လုပ်ရပ်တွေ​နဲ့ အနာဂတ်အကြောင်း ဖော်ပြထားချက်တွေကို ဖတ်ရှု၊ တွေးတောဆင်ခြင်ထားတဲ့ ကျွန်တော်တို့ကတော့ ကယ်တင်မယ့်​အချိန် ရောက်ခါနီးပြီ ဖြစ်လို့ ယုံကြည်စိတ်ချမှု အပြည့်​နဲ့ “မတ်​မတ်​ရပ်ပြီး ခေါင်းမော့ထားကြပါ” လိမ့်မယ်။—လု ၂၁:၂၆၊ ၂၈