မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

“ပေးကမ်းတတ်တဲ့အကျင့် လုပ်ပါ”

“ပေးကမ်းတတ်တဲ့အကျင့် လုပ်ပါ”

ရက်ရောမှု​ဟာ ကူးစက်​တတ်ကြောင်း ယေရှု ဖော်ပြတယ်။ (လု ၆:၃၈) သင့်​ရဲ့ ပေးကမ်းတတ်တဲ့ အကျင့်​ကို မြင်ပြီး ညီအစ်ကို/မတွေ​လည်း ကြင်နာ​ဖို့၊ ရက်ရော​ဖို့ လှုံ့ဆော်​ခံရ​ကြတယ်။

စေတနာ​စိတ်နဲ့ ပေးကမ်းခြင်းဟာ ဝတ်ပြုရေးရဲ့ အစိတ်အပိုင်း​တစ်ခု ဖြစ်တယ်။ အကူအညီ လိုနေတဲ့ ယုံကြည်သူချင်း​ကို ရက်ရော​သူကို ယေဟောဝါ သတိပြုမိပြီး ဆုချမယ်လို့ ကတိပြုထားတယ်။—ပ ၁၉:၁၇

ခင်ဗျားတို့ရဲ့ ပေးကမ်းမှုကြောင့် ကျေးဇူးတင်ပါတယ် ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ

  • ညီအစ်ကို/မတွေကို ထောက်ပံ့ဖို့ သင်တို့ရဲ့ အလှူငွေတွေကို ဘယ်လို အသုံးပြုသလဲ။

  • နည်းသည်ဖြစ်စေ၊ များသည်​ဖြစ်စေ ပေးကမ်းတတ်တဲ့ အကျင့် ဘာကြောင့် ဆက်​ရှိသင့်သလဲ။—jw.org မှာ တင်ထားတဲ့ “ပိုလျှံ​ရာ​တွေ​က ချို့တဲ့မှု​ကို ဖြည့်ဆည်း​ပေး” ဆောင်းပါးကို ဖတ်ပါ။