မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒီဇင်ဘာ ၂၃-၂၉

ဆာလံ ၁၁၉:၁၂၁-၁၇၆

ဒီဇင်ဘာ ၂၃-၂၉

သီချင်း ၃၁ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ ရင်နာစရာတွေ မကြုံသင့်ဘဲ မကြုံရလေအောင်

(၁၀ မိ.)

ဘုရားသခင့်ပညတ်တွေကို ချစ်မြတ်နိုးပါ (ဆ ၁၁၉:၁၂၇က၁၈.၀၆ ၁၇ ပိုဒ်. ၅-၆)

မကောင်းမှုကို မုန်းပါ (ဆ ၁၁၉:၁၂၈က၉၃ ၄/၁၅ ၁၇ ပိုဒ်. ၁၂)

ယေဟောဝါရဲ့စကား နားထောင်ပါ၊ “အတွေ့အကြုံမရှိသူ” လုပ်တဲ့ အမှားတွေ မလုပ်ပါနဲ့ (ဆ ၁၁၉:၁၃၀၊ ၁၃၃။ ပ ၂၂:၃)

ကိုယ့်ကိုယ်ကိုယ်မေးပါ။ ‘ဘုရားပညတ်တွေကို ချစ်ရာမှာ ဒါမှမဟုတ် မကောင်းမှုကို မုန်းရာမှာ ဘယ်အချက်တွေကို ငါ သတ်သတ်မှတ်မှတ် လုပ်ဆောင်ဖို့လိုသလဲ။’

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ဆ ၁၁၉:၁၆၀—ဒီကျမ်းချက်အရ ဘာကို စိတ်ချနိုင်သလဲ။ (က၂၃.၀၁ ၂ ပိုဒ်. ၂)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေ ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၃ မိ.) တစ်အိမ်မှတစ်အိမ်။ (lmd သင်ခန်းစာ ၁ အချက် ၅)

၅။ ပြန်လည်ပတ်ခြင်း

(၄ မိ.) တစ်အိမ်မှတစ်အိမ်။ jw.org မှာ သူစိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ဘယ်လိုရှာနိုင်သလဲဆိုတာ ပြပေးပါ။ (lmd သင်ခန်းစာ ၈ အချက် ၃)

၆။ တပည့် ဖြစ်စေခြင်း

(၅ မိ.) အစည်းအဝေး ပုံမှန်မတက်တဲ့ ကျမ်းစာသင်သားနဲ့ ဆွေးနွေးပါ။ (lmd သင်ခန်းစာ ၁၂ အချက် ၄)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၁၂၁

၇။ ငွေကြောင့် မလိုအပ်တဲ့ဝေဒနာတွေ မရပါစေနဲ့

(၁၅ မိ.) ဆွေးနွေးပါ။

ငွေကိုတပ်မက်သူတွေက “ဝေဒနာများစွာနဲ့ ကိုယ့်ကိုယ်ကိုယ် ထိုးနှက်ကြတယ်။” (၁တိ ၆:၉၊ ၁၀) ငွေကိုတပ်မက်ရင်၊ ဘဝမှာ ငွေဟာ အရေးကြီးဆုံးအရာဖြစ်လာရင်

  • ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး မရနိုင်ဘူး။—မ ၆:၂၄

  • အလိုဆန္ဒ ဘယ်တော့မှ မပြေနိုင်ဘူး။—ဒေ ၅:၁၀

  • လိမ်တာ၊ ခိုးတာ၊ သစ္စာဖောက်တာ စတဲ့မကောင်းတာတွေလုပ်ဖို့ ပိုလွယ်လာမယ်။ (ပ ၂၈:၂၀) မကောင်းတာလုပ်လိုက်ရင် အပြစ်ရှိတယ်လို့ ခံစားရမယ်၊ နာမည်ဆိုးရမယ်၊ ဘုရားမျက်နှာသာ ဆုံးရှုံးမယ်။ ဒါတွေဟာ ငွေကိုတပ်မက်လို့ ဘဝမှာ မလိုအပ်ဘဲ ရလာတဲ့ ဝေဒနာတချို့ပါပဲ။

ဟီဘရူး ၁၃:၅ ကိုဖတ်ပါ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဆွေးနွေးပါ–

  • စိတ်ဆင်းရဲစရာတွေ မကြုံရအောင် ငွေကြေးနဲ့ပတ်သက်ပြီး ဘယ်သဘောထား ရှိရမလဲ။ ဘာကြောင့်လဲ။

ငွေကို မတပ်မက်ပေမဲ့ ကောင်းကောင်း စီမံမသုံးစွဲတတ်ရင်လည်း စိတ်ဆင်းရဲရမှာပဲ။

ငွေသုံးစွဲနည်း ကာတွန်းသရုပ်ဖော် ဗီဒီယို ပြပါ ပြီးနောက် ပရိသတ်ကို မေးပါ–

  • ဝင်ငွေထွက်ငွေစာရင်း ဘာကြောင့်လုပ်ရမလဲ။ ဘယ်လိုလုပ်နိုင်သလဲ။

  • ငွေစုတာ ဘာကြောင့်ကောင်းသလဲ။

  • မလိုအပ်ဘဲ အကြွေးမယူတာ ဘာကြောင့်ပညာရှိသလဲ။

၈။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၁၀၁ နဲ့ ဆုတောင်းချက်