မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နိုဝင်ဘာ ၄-၁၀

ဆာလံ ၁၀၅

နိုဝင်ဘာ ၄-၁၀

သီချင်း ၃ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ “ဘုရားက မိမိရဲ့ပဋိညာဉ်ကို ထာဝစဉ် သတိရတယ်”

(၁၀ မိ.)

ယေဟောဝါက အာဗြဟံနဲ့ ကတိပြုပြီး အိဇက်နဲ့ ယာကုပ်ကိုလည်း အဲဒီကတိ ထပ်မံဖော်ပြ (က ၁၅:၁၈။ ၂၆:၃။ ၂၈:၁၃။ ဆ ၁၀၅:၈-၁၁)

ဒီကတိ ပြည့်စုံဖို့ မဖြစ်နိုင်ပုံရ (ဆ ၁၀၅:၁၂၊ ၁၃က၂၃.၀၄ ၂၈ ပိုဒ်. ၁၁-၁၂)

အာဗြဟံနဲ့ဖွဲ့ခဲ့တဲ့ ပဋိညာဉ်ကို ယေဟောဝါ လုံးဝ မမေ့လျော့ (ဆ ၁၀၅:၄၂-၄၄it-2-E ၁၂၀၁ ပိုဒ်. ၂)


ကိုယ့်ကိုယ်ကိုယ်မေးပါ။ ‘ယေဟောဝါကို အကြွင်းမဲ့ယုံကြည်နိုင်ကြောင်း သိထားတဲ့အတွက် ဘာအကျိုးရှိသလဲ။’

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ဆ ၁၀၅:၁၇-၁၉— “ယေဟောဝါရဲ့ ကတိစကား” က ယောသပ်ကို ဘယ်လိုသန့်စင်ပေးခဲ့သလဲ။ (က၈၇ ၁၁/၁ ၁၀ ပိုဒ်. ၁၅)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေ ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၁ မိ.) တစ်အိမ်မှတစ်အိမ်။ အိမ်ရှင် အလုပ်များနေ။ (lmd သင်ခန်းစာ ၂ အချက် ၅)

၅။ စကားစမြည် စပြောခြင်း

(၂ မိ.) တစ်အိမ်မှတစ်အိမ်။ အငြင်းအခုံလုပ်လာတဲ့သူကို ရည်ရည်မွန်မွန် ပြောပြီး စကားဖြတ်ပါ။ (lmd သင်ခန်းစာ ၄ အချက် ၅)

၆။ ပြန်လည်ပတ်ခြင်း

(၄ မိ.) တစ်အိမ်မှတစ်အိမ်။ အရင်တစ်ခေါက်တုန်းက အိမ်ရှင် စိတ်ဝင်စားရာကို သိခဲ့ရ။ အဲဒီအကြောင်းအရာပါရှိတဲ့ မဂ္ဂဇင်း ဝေငှပါ။ (lmd သင်ခန်းစာ ၈ အချက် ၃)

၇။ ပြန်လည်ပတ်ခြင်း

(၄ မိ.) အလွတ်သဘော သက်သေခံခြင်း။ JW Library® app အကြောင်းပြောပြပြီး ကူးယူနိုင်အောင် ကူညီပေးပါ။ (lmd သင်ခန်းစာ ၉ အချက် ၅)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၈၄

၈။ မေတ္တာလုပ်ရပ်

(၁၅ မိ.) ဆွေးနွေးပါ။

ဘုရားနိုင်ငံတော်လုပ်ငန်းကို ထောက်ပံ့ဖို့ ကျွန်တော်တို့ရဲ့အချိန်၊ ခွန်အားနဲ့ ငွေကြေးကို အသုံးပြုတာဟာ ယေဟောဝါတင်မြှောက်ထားတဲ့ ဘုရင်ယေရှုခရစ်ကို ချစ်ကြောင်း ပြနေတာပါပဲ။ ဒီလိုပြသတဲ့အတွက် ကျွန်တော်တို့ကို ယေဟောဝါ ပိုချစ်လာသလို ညီအစ်ကို/မတွေလည်း အကျိုးရကြတယ်။ (ယဟ ၁၄:၂၃) ကျွန်တော်တို့ရဲ့အလှူငွေကြောင့် ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေ အကျိုးရပုံအကြောင်းသိဖို့ “အလှူငွေတွေကို အသုံးပြုပုံ” ဆောင်းပါးတွဲကို jw.org မှာ ဖတ်ကြည့်ပါ။

သင့်အလှူငွေရဲ့ စွမ်းပကား ဗီဒီယို ပြပါ ပြီးနောက် ပရိသတ်ကို မေးပါ–

  • ဘာသာရေးလွတ်လပ်ခွင့်ကို ခုခံကာကွယ်ရာမှာ အလှူငွေတွေကို အသုံးပြုလို့ ညီအစ်ကို/မတွေ ဘယ်လိုအကျိုးရသလဲ။

  • အလှူငွေတွေကို “သာတူညီမျှဖြစ်” စေတာက အစည်းအဝေးခန်းမ ဆောက်လုပ်ရေးကို ဘယ်လိုကူညီပေးသလဲ။—၂က ၈:၁၄

  • ကျမ်းစာဘာသာပြန်လုပ်ငန်းမှာ အလှူငွေတွေကို အသုံးပြုလို့ ဘာအကျိုးကျေးဇူးတွေ ရရှိသလဲ။

၉။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၉၇ နဲ့ ဆုတောင်းချက်