မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

လူငယ်တို့—‘လုပ်ငန်းတံခါးကြီး’ ကိုဝင်ဖို့ မနှောင့်နှေးပါနဲ့

လူငယ်တို့—‘လုပ်ငန်းတံခါးကြီး’ ကိုဝင်ဖို့ မနှောင့်နှေးပါနဲ့

လူငယ်ဘဝကို အမြဲပိုင်ဆိုင်ရမယ်၊ အသက်ကြီးချိန်မှာ ကြုံရမယ့် ‘ဆိုးသောကာလ’ ကို စာတန့်လောကမှာ ဘယ်တော့မှ ဖြတ်သန်းရမှာမဟုတ်ဘူးလို့ ယူဆမိဖို့ သိပ်လွယ်ပါတယ်။ (ဒေ. ၁၂:၁) သင်ဟာ လူငယ်ဖြစ်မယ်ဆိုရင် အချိန်ပြည့်လုပ်ငန်းလိုမျိုး ဘုရားရေးရာပန်းတိုင်တွေကို တက်လှမ်းဖို့ အချိန်တွေ အများကြီးရှိပါသေးတယ်လို့ ယူဆနေသလား။

လူငယ်တွေအပါအဝင် ကျွန်တော်တို့အားလုံးဟာ ‘မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေ’ ကြုံရတတ်ပါတယ်။ (ဒေ. ၉:၁၁ကဘ) ဒါ့အပြင် “နက်ဖြန်နေ့၌ သင်တို့ အသက်သည် မည်သို့ဖြစ်မည်ကို မသိကြ” လို့လည်း ကျမ်းစာမှာ ပြောထား တယ်။ (ယာ. ၄:၁၄) ဒါကြောင့် ဘုရားရေးရာပန်းတိုင်တွေကို တက်လှမ်းဖို့ မလိုအပ်ဘဲ မနှောင့်နှေးပါနဲ့။ “ဆောင်ရွက်စရာ လုပ်ငန်းတံခါးကြီး” ပွင့်နေတုန်းမှာ ဝင်သာဝင်လိုက်ပါ။ (၁ ကော. ၁၆:၉) သင် လုံးဝနောင်တရမှာ မဟုတ်ပါဘူး။

တက်လှမ်းနိုင်တဲ့ ဘုရားရေးရာပန်းတိုင်များ–

  • တခြားဘာသာစကားနဲ့ ဟောပြောခြင်း

  • ရှေ့ဆောင်လုပ်ငန်း

  • ဟောပြောသွန်သင်ခြင်း သင်တန်းများ တက်ရောက်ခြင်း

  • ဆောက်လုပ်ရေးလုပ်ငန်း

  • ဗေသလလုပ်ငန်း

  • တိုက်နယ်လုပ်ငန်း

ငါ့ရဲ့ပန်းတိုင်တွေက–