မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နမူနာတင်ဆက်နည်းများ

နမူနာတင်ဆက်နည်းများ

ကင်းမျှော်စင်

မေးခွန်း– ဝိညာဉ်ဘုံမှာ ဘာတွေဖြစ်ပျက်နေတယ် ဆိုတာ စဉ်းစားဖူးသလား။

ကျမ်းချက်– ယော. ၈:၂၃

ဝေငှပုံ– ဝိညာဉ်ဘုံမှာ ဖြစ်ပျက်နေတဲ့ စိတ်ဝင်စားစရာအချက်တချို့ကို ဒီကင်းမျှော်စင်မှာ ကျမ်းဂန်ထဲကနေ ရှင်းပြထားတယ်။

အမှန်တရားကို သင်ပေးပါ

မေးခွန်း– ဒီနေ့ခေတ်မှာ မြင်တွေ့နေရတာတွေက ကျမ်းဂန်ထဲမှာပါတဲ့ ဒီအချက်နဲ့ ကိုက်ညီနေတယ်လို့ ထင်သလား။

ကျမ်းချက်– ၂ တိ. ၃:၁–၅

ဝေငှပုံ– ဒီလိုဖြစ်လာမယ်ဆိုတာကို နှစ်ပေါင်း ထောင်ချီပြီး ကြိုဟောခဲ့တယ်။ ဒါ့အပြင် အနာဂတ်နဲ့ ပတ်သက်ပြီး ကျမ်းဂန်ထဲမှာ ဘာတွေဖော်ပြထားသေး သလဲဆိုတာကို ဒီစာအုပ်မှာ ရှင်းပြ ထားတယ်။—သမ္မာကျမ်းစာ သွန်သင်ရာ အခန်း ၉

ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ (ဗီဒီယို)

နိဒါန်း– လူတိုင်းကို ဗီဒီယိုအတိုလေး ပြနေပါတယ်။ ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့ ကျေနပ်လောက်တဲ့ အဖြေတွေကို ဘယ်မှာရှာတွေ့နိုင်မလဲဆိုတာ ဒီမှာ ရှင်းပြထားတယ်။ [ဗီဒီယိုကို ဖွင့်ပြပါ။]

ဝေငှပုံ– ကမ္ဘာ့ပြဿနာတွေကို ဘုရားသခင်ဖြေရှင်း ပေးမယ့်နည်းလမ်းအကြောင်း ကျမ်းစာမှာ ဘယ်လို ပြောထားသလဲဆိုတာ ဒီစာအုပ်မှာ ဖော်ပြထားတယ်။ [သမ္မာကျမ်းစာ သွန်သင်ရာ စာအုပ်ကို ဝေငှပါ။]

ကိုယ်ပိုင်တင်ဆက်နည်းကို ချရေးပါ

နမူနာတွေကိုသုံးပြီး ကိုယ်ပိုင်တင်ဆက်နည်းတွေ ဖန်တီးပါ။