မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ယောဟန် ၁-၁၃။ ၃ ယောဟန် ၁-၁၄ယုဒ ၁-၂၅

အမှန်တရားထဲမှာ ရှိနေဖို့ တိုက်လှန်ရမယ်

အမှန်တရားထဲမှာ ရှိနေဖို့ တိုက်လှန်ရမယ်

ယုဒ ၃

“ကျဉ်းတဲ့​တံခါးကနေ ဝင်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားပါ” လို့ ယေရှု နှိုးဆော်​ခဲ့တယ်။ (လု ၁၃:၂၄) ယေရှုရဲ့ စကားတွေက ဘုရားရဲ့ နှစ်သက်မှု​ရဖို့ ကျွန်တော်တို့ အစွမ်းကုန်​ကြိုးစား​ရမယ်​ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ယေရှုရဲ့ မိတူ​ဖကွဲ​ညီ ယုဒ​က​လည်း “ယုံကြည်ခြင်း​အတွက် ကြိုးစား​တိုက်လှန်” ပါ​ဆိုပြီး စွမ်းအားတော်​တိုက်တွန်းမှု​နဲ့ ရေးခဲ့တယ်။ အောက်ပါ​အချက်တွေကို လုပ်ဖို့ ဝီရိယ​ရှိ​ရှိ ကြိုးစား​အားထုတ်​ရမှာ ဖြစ်တယ်–

  • လိင်​အကျင့် ယိုယွင်းမှု​ကို တွန်းလှန်ခြင်း။—ယု ၆၊ ၇

  • အခွင့်အာဏာ​ရှိသူတွေကို လေးစားခြင်း။—ယု ၈၊ ၉

  • ခရစ်ယာန်​သွန်သင်ချက်တွေကို ယုံကြည်တဲ့ ကျွန်တော်တို့ရဲ့ “အသန့်ရှင်းဆုံး ယုံကြည်ခြင်း” ကို ခိုင်ခံ့​စေခြင်း။—ယု ၂၀၊ ၂၁