မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

ကျွန်တော်တို့ လိုအပ်ရာကို ယေဟောဝါ သိတယ်

ကျွန်တော်တို့ လိုအပ်ရာကို ယေဟောဝါ သိတယ်

သစ္စာနဲ့ သတိ​ပညာ​ရှိတဲ့ ကျွန်ဟာ ကျွန်တော်တို့ကို “အချိန်တန်” အစားအစာ​တွေ ပေးတယ်။ ဒါက ကျွန်ကို လမ်းညွှန်​နေတဲ့ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ လိုအပ်ရာတွေကို သိတယ်​ဆိုတာ ဖော်ပြတယ်။ (မ ၂၄:၄၅) တခြား​အရာတွေနဲ့​အတူ ခရိုင်​အစည်းအဝေးတွေ၊ ကြားရက်​အစည်းအဝေးတွေ​က သက်သေပါပဲ။

၂၀၁၇ သွန်သင်ခြင်း​ကော်မတီ မှတ်တမ်း ဗီဒီယိုကို ကြည့်ပါ၊ ပြီးတဲ့နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ကျွန်တော်တို့ ကြိုက်​နှစ်သက်​တဲ့ အချိန်တန် ခရိုင်​အစည်းအဝေးတွေ​အတွက် ဘယ်သူ ချီးမွမ်း​ခံရ​သင့်သလဲ၊ ဘာကြောင့်လဲ။

  • ခရိုင်​အစည်းအဝေး​နဲ့ သက်ဆိုင်တဲ့​အလုပ်တွေ ဘယ်​အချိန်မှာ စ​သလဲ။

  • ခရိုင်​အစည်းအဝေး ခေါင်းစဉ်​တွေကို ဘယ်လို ရွေး​သလဲ။

  • ခရိုင်​အစည်းအဝေးတွေ​အတွက် ပြင်ဆင်​ရာ​မှာ ဘယ်​အလုပ်တွေ ပါဝင်​သလဲ။

  • ဂိလဒ်​သင်တန်း​မှာ လေ့လာတဲ့​နည်း​အတိုင်း ကြားရက်​အစည်းအဝေး​မှာ ဘယ်လို လေ့လာ​သလဲ။

  • လေ့ကျင့်ခန်း​စာစောင်​ကို ပြင်ဆင်​ရာ​မှာ ဌာန​အသီးသီး​က ဘယ်လို ပါဝင်​လုပ်ဆောင်ကြ​သလဲ။

ယေဟောဝါ ပြင်ဆင်​ပေးတဲ့ အရာတွေ​အတွက် ညီအစ်ကို/မတို့ ဘယ်လို ခံစား​ရသလဲ။