‘မင်းရဲ့အကျင့်ကို ငါသိတယ်’
-
“ကြယ်ခုနစ်လုံး”– ဘိသိက်ခံ အကြီးအကဲများနဲ့ တခြား အကြီးအကဲအားလုံး
-
“[ယေရှုရဲ့] ညာလက်မှာ”– ကြယ်တွေဟာ ယေရှုရဲ့ အပြည့်အဝ ထိန်းချုပ်မှု၊ အာဏာ၊ လမ်းညွှန်မှုအောက်မှာ ရှိတယ်။ အကြီးအကဲအဖွဲ့ထဲက တစ်ယောက်ယောက်ကို တည့်မတ်ပေးဖို့ လိုတယ်ဆိုရင် ယေရှုက သူ့ကို သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့နည်းနဲ့ တည့်မတ်ပေးပါလိမ့်မယ်
-
“ရွှေဆီမီးတိုင် ခုနစ်ခု”– ခရစ်ယာန်အသင်းတော်များ။ တဲတော်မှာရှိတဲ့ ဆီမီးတိုင်က အလင်းပေးသလို ခရစ်ယာန်အသင်းတော်တွေက ဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားအလင်း ထွန်းလင်းပေးတယ်။ (မ ၅:၁၄) ယေရှုဟာ ဆီမီးတိုင်တွေ “အလယ်မှာ သွားလာ” တာက အသင်းတော်တွေရဲ့ လုပ်ဆောင်မှုတွေကို ကြီးကြပ်နေတာကို ဆိုလိုတယ်