မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

စေတနာစိတ်နဲ့ လှူဒါန်းသူကို ယေဟောဝါ ချစ်မြတ်နိုး

စေတနာစိတ်နဲ့ လှူဒါန်းသူကို ယေဟောဝါ ချစ်မြတ်နိုး

၂ ကောရိန္သု ၉:၇ မှာ “လူတိုင်း စိတ်​ဆုံးဖြတ်​ထားတဲ့​အတိုင်း လှူဒါန်း​ကြပါ။ နှမြော​တဲ့​စိတ်၊ မ​လှူ​မနေ​ရ ဆိုတဲ့​စိတ်နဲ့ မ​လှူ​ပါစေနဲ့။ စေတနာ​စိတ်နဲ့ လှူဒါန်း​တဲ့​သူကို​ပဲ ဘုရားသခင် ချစ်မြတ်နိုးတယ်” လို့ ပြော​ထားတယ်။ အခု​ဆိုရင် ယေဟောဝါ​ သက်သေတွေရဲ့ လုပ်ငန်းကို ကိုယ့်​ဒေသ​တွင်း​နဲ့ ကမ္ဘာချီ ထောက်ပံ့ဖို့ အွန်လိုင်း​ကနေ အလွယ်တကူ လှူဒါန်း​နိုင်ပြီ။

အင်တာနက်​က​တစ်ဆင့် အလှူငွေ​ထည့်​နိုင်ပုံ ဗီဒီယိုကို ကြည့်ပြီး အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ကိုယ့်​နိုင်ငံမှာ လှူဒါန်း​နိုင်တဲ့ နည်းတွေကို သိနိုင်ဖို့ လှူဒါန်းခြင်းနဲ့ သက်ဆိုင်တဲ့ အချက်အလက်​တွေကို ဘယ်လို ရယူ​နိုင်သလဲ။

  • အွန်လိုင်း​ကနေ အလှူငွေ​ထည့်​နိုင်​လို့ တချို့ ဘယ်လို အကျိုး ရရှိခဲ့ကြသလဲ။

  • အလှူငွေ​ထည့်​နိုင်တဲ့ နည်း​တချို့က ဘာလဲ။

  • ဒီ​အစီအစဉ်​သစ်​ကို မ​သုံး​တတ်​ရင် ဘာ​လုပ်နိုင်သလဲ။