မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

မင်္ဂလာပွဲ စီစဉ်တဲ့အခါ လောကရဲ့လွှမ်းမိုးမှုကို မခံပါနဲ့

မင်္ဂလာပွဲ စီစဉ်တဲ့အခါ လောကရဲ့လွှမ်းမိုးမှုကို မခံပါနဲ့

ခရစ်ယာန်​စုံတွဲ မင်္ဂလာပွဲ​အတွက် စီစဉ်​တဲ့အခါ ဆုံးဖြတ်ချက်တွေ အများကြီး ချ​ရတယ်။ သူတို့ရဲ့​ဝန်းကျင်​က​လူတွေ လုပ်နေကျ​အတိုင်း အကုန်အကျ​များတဲ့ မင်္ဂလာပွဲ​တွေ​လုပ်ဖို့ ဖိအား​ပေးခံ​ရနိုင်တယ်။ စိတ်ရင်း​မှန်တဲ့ မိတ်ဆွေ​တွေ၊ မိသားစုဝင်​တွေ​မှာလည်း မင်္ဂလာပွဲ​မှာ ထည့်​သင့်​တာ​တွေ​နဲ့​ပတ်သက်ပြီး ကိုယ်ပိုင်​အယူအဆ​တွေ ရှိ​နိုင်တယ်။ မင်္ဂလာပွဲ​အတွက် စီစဉ်​နေတဲ့ စုံတွဲတွေ သိစိတ်​ကြည်ကြည်လင်လင်​နဲ့ နောင်တရ​စ​ရာ မရှိဘဲ စီစဉ်​နိုင်ဖို့ ဘယ်​ကျမ်းစာ​မူတွေ​က ကူညီပေး​မလဲ။

ယေဟောဝါကို ဂုဏ်တင်တဲ့ မင်္ဂလာပွဲများ ဗီဒီယိုကို ကြည့်ပြီး အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • အောက်ပါ​ကျမ်းစာ​မူတွေ​က နစ်​နဲ့ ဂျူလီယာ​နာ​ကို ဘယ်လို ကူညီ​ပေးခဲ့​သလဲ။

  • စေ့စပ်​ထားတဲ့ စုံတွဲတွေ​ဟာ ရင့်ကျက်တဲ့ ခရစ်ယာန်​ညီအစ်ကို​တစ်ယောက်ကို “ပွဲအုပ်” အဖြစ် ဘာကြောင့် ရွေးချယ်​သင့်သလဲ။—ယဟ ၂:၉၊ ၁၀

  • နစ်​နဲ့ ဂျူလီယာနာ​တို့ဟာ မင်္ဂလာပွဲ​အတွက် စီစဉ်​တဲ့အခါ ကိုယ်တိုင် ဆုံးဖြတ်​ရွေးချယ်​ဖို့ ဘာ​အကြောင်းရင်း​တွေ ရှိသလဲ။

  • မင်္ဂလာ​အခမ်းအနား၊ ဧည့်ခံပွဲ​နဲ့ ပတ်သက်လို့ အပြီးသတ် ဆုံးဖြတ်ချက် ချရမှာ​က ဘယ်သူ့ တာဝန်​လဲ။—က၀၆ ၁၀/၁၅ ၂၅ ပိုဒ်. ၁၀