ယေဟောဝါကို သင့်ရဲ့ အကောင်းဆုံးတွေ ပေးပါ
ဆင်းရဲလို့ ယေဟောဝါနဲ့ ပြန်လည်သင့်မြတ်အောင် မလုပ်နိုင်ဘူးဆိုတာ အစ္စရေးပြည်မှာ မရှိပါဘူး။ အဆင်းရဲဆုံး အစ္စရေးတွေတောင် သူတို့မှာ ရှိတဲ့ အကောင်းဆုံးကို ပူဇော်ရင် ယေဟောဝါ လက်ခံတယ်။ ဂျုံမှုန့် ပူဇော်နိုင်တယ်။ ဒါပေမဲ့ ဧည့်သည်တွေကို ဧည့်ခံရာမှာ သုံးတဲ့ “ဂျုံနု” ဖြစ်ဖို့ လိုတယ်။ (က ၁၈:၆) အခုချိန်မှာ ကျွန်တော်တို့ရဲ့ အခြေအနေကြောင့် အကန့်အသတ် ဖြစ်နေရင်တောင် “ချီးမွမ်း” ခြင်းယဇ် ပူဇော်တာကို အတတ်ဆုံး လုပ်နေရင် ယေဟောဝါ လက်ခံတယ်။—ဟီ ၁၃:၁၅။
ကျန်းမာရေး မကောင်းတော့လို့၊ ခွန်အား မရှိတော့လို့ အရင်ကလောက် မလုပ်နိုင်တော့ရင် ဒီအချက်က ဘယ်လို အားပေးမှု ဖြစ်စေနိုင်သလဲ