မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာ​ထဲ​က အဖိုးတန်​ဘဏ္ဍာများ | ဝတ်ပြုရာ ၁-၃

အလှူများရဲ့ ရည်ရွယ်ချက်

အလှူများရဲ့ ရည်ရွယ်ချက်

၁:၃။ ၂:၁၊ ၁၂။ ၃:၁

မောရှေ​ပညတ်​မှာ အလှူ​တွေ၊ ပူဇော်သက္ကာ​တွေ​ ပေး​ဖို့ အစ္စရေး​တွေ​ကို တောင်းဆို​ထားတယ်။ အဲဒါတွေ​က ယေဟောဝါ​ရဲ့ နှစ်သက်မှု​ကို ရရှိ​စေတယ်။ ယေရှုရဲ့ ပူဇော်သက္ကာ​နဲ့ ပူဇော်သက္ကာ​ရဲ့ အကျိုးကျေးဇူး​ကို ပုံ​တင်ပြ​တယ်။—ဟီ ၈:၃-၅။ ၉:၉။ ၁၀:၅-၁၀

  • ပူဇော်​မယ့် တိရစ္ဆာန်​အားလုံး​မှာ အနာအဆာ​ မရှိ​သလိုပဲ ယေရှုရဲ့ ပူဇော်သက္ကာ​က​လည်း စုံလင်​တယ်။ အပြစ် အနာအဆာ​ မရှိတဲ့ ခန္ဓာကိုယ် ဖြစ်တယ်။—၁ပ ၁:၁၈၊ ၁၉

  • မီးရှို့​ရာ​အလှူ​ဆိုတာ ဘုရား​ကို တစ်ကောင်​လုံး ပေးဆက်​ရ​သလို ယေရှုကလည်း မိမိကိုယ်ကို ယေဟောဝါ​ဆီ လုံးလုံးလျားလျား ပေးဆက်​ခဲ့​တယ်

  • မိတ်သဟာယ ပူဇော်သက္ကာ ပူဇော်​သူတွေဟာ ယေဟောဝါ​နဲ့ သင့်မြတ်​တဲ့​ ဆက်ဆံ​ရေး ရှိ​သလို သခင့်​ညစာ​စားပွဲ​မှာ ပါဝင်​စားသုံး​တဲ့ ဘိသိက်ခံ​တွေ​ဟာ ဘုရား​နဲ့ သင့်မြတ်​တဲ့ ဆက်ဆံ​ရေး ရှိ​ကြတယ်