ခရစ်ယာန်အသက်တာလမ်းစဥ်
အကောင်းဆုံးဘဝလမ်းစဥ်ပဲ
ယေဟောဝါရဲ့အဖွဲ့အစည်းထဲက လူငယ်တွေအတွက် အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ ကင်မရွန်းဆိုတဲ့ ညီအစ်မ လူငယ်ဘဝကို ပညာရှိရှိ ဘယ်လိုအသုံးပြုခဲ့လဲဆိုတာသိနိုင်ဖို့ အကောင်းဆုံးဘဝလမ်းစဥ်ပဲ ဗီဒီယိုကိုကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေဆိုပါ။ (jw.org/mya ကိုဖွင့်ပါ၊ ဒီခေါင်းစဥ်အောက်မှာ ကြည့်ပါ– သမ္မာကျမ်းစာသွန်သင်ချက်များ > ဆယ်ကျော်သက်များ။)
-
ကင်မရွန်းဘဝအတွက် အရေးကြီးဆုံးအရာက ဘာလဲ။
-
အမှုဆောင်လုပ်ငန်းတိုးချဲ့ဖို့ ဘယ်အချိန်မှာ၊ ဘယ်လို သူဆုံးဖြတ်ချက်ချခဲ့သလဲ။
-
သာ၍လိုအပ်တဲ့ တခြားနိုင်ငံမှာ သွားအမှုဆောင်နိုင်ဖို့ သူ ဘယ်လိုပြင်ဆင်ခဲ့သလဲ။
-
ရေခြားမြေခြားသွားပြီး အမှုဆောင်ချိန်မှာ ကင်မရွန်း ဘာအခက်အခဲတွေ ရင်ဆိုင်ခဲ့ရသလဲ။
-
ကိုယ်တစ်ခါမှမရောက်ဖူးတဲ့ နေရာတစ်ခု၊ ဝန်းကျင်တစ်ခုကိုသွားပြီး ယေဟောဝါရဲ့ အမှုဆောင်တာက ဘာကြောင့် အကျိုးရှိသလဲ။
-
ဘာကောင်းချီးတွေ ကင်မရွန်း ခံစားခဲ့ရသလဲ။
-
ယေဟောဝါအတွက် အမှုဆောင်ခြင်းက ဘာကြောင့် အကောင်းဆုံးလမ်းစဥ် ဖြစ်တာလဲ။
-
ယေဟောဝါရဲ့အဖွဲ့အစည်းထဲက လူငယ်တွေအတွက် တခြားဘယ်အခွင့်အရေးတွေ ရှိသလဲ။