မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဟေရှာယ ၅၂–၅၇

ကျွန်တော်တို့အတွက် ခရစ်တော် ဆင်းရဲဝေဒနာခံခဲ့

ကျွန်တော်တို့အတွက် ခရစ်တော် ဆင်းရဲဝေဒနာခံခဲ့

“မ​ထီ​မဲ့​မြင်​ပြုခြင်း​ကို​ခံ​၍ လူတို့​တွင် အ​ယု​တ်​ဆုံး​သော​သူ ဖြစ်၏။ . . . ဒဏ်​ခတ်​တော်​မူ​ခြင်း​ကို​လည်းကောင်း၊ ဘုရား​သခင်​ဆုံးမ​၍ နှိမ့်ချ​တော်​မူ​ခြင်း​ကို​လည်းကောင်း ခံရ​သော​သူ​ဖြစ်​သည်​။”

၅၃:၃–၅

  • ယေရှု​ကို မထီမဲ့မြင်ပြု​ကြတဲ့​အပြင် ဘုရားကို စော်ကားသူ​လို့လည်း စွပ်စွဲ​ကြ​တ​ယ်။ ဘုရား​က သူ့ကို ဒဏ်ခတ်​တ​ယ်​လို့ တချို့​ထင်ကြ​တ​ယ်။

“ထာဝရဘုရား​သည် သူ့ကို နှိပ်စက်ခြင်း​ငှာ အလိုတော်​ရှိ၍ . . . အကြံတော်​သည်လည်း သူ၏​လက်၌ ပြည့်စုံခြင်း​သို့ ရောက်​လိမ့်မည်။”

၅၃:၁၀

  • ယေဟောဝါဟာ သားတော် အသတ်ခံရ​တာကို မြင်တဲ့အခါ စိတ်ထိခိုက်​မှာပဲ။ ဒါပေမဲ့ ယေရှု အပြည့်အဝ သစ္စာရှိ​တာကို မြင်ရ​လို့ ဝမ်းသာ​မှာပါ။ ယေရှုရဲ့​သေခြင်း​က ဘုရားသခင့်​ကျေးကျွန်​တွေရဲ့ သစ္စာ​စောင့်သိမှု​ကို စိန်ခေါ်​ခဲ့တဲ့ စာတန့်​စကား​ကို ချေပ​ရာ​ရောက်တဲ့​အပြင် နောင်တ​ရသူ​တွေအတွက် အကျိုးရှိ​စေတယ်။ ဒါ့အပြင် “ထာဝရ​ဘုရား၏ အကြံတော်” ကို​ပြီးမြောက်​စေတယ်။