မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

ဖန်ဆင်းရှင်​အပေါ် ခိုင်မာ​တဲ့​ယုံကြည်ခြင်း ရှိ​လာအောင် ကလေးကို ကူညီပေး​ပါ

ဖန်ဆင်းရှင်​အပေါ် ခိုင်မာ​တဲ့​ယုံကြည်ခြင်း ရှိ​လာအောင် ကလေးကို ကူညီပေး​ပါ

ဖန်ဆင်းခြင်း​လက်ရာ​တွေ​က ယေဟောဝါကို ဂုဏ်တင်​တ​ယ်။ (ဆာ. ၁၉:၁–၄၊ ၁၃၉:၁၄) ဒါပေမဲ့ စာတန့်​လောက,​က​တော့ အသက်​ရဲ့​မူလ​အစ​နဲ့​ပတ်သက်ပြီး ​ဘုရားကို​ဂုဏ်ဖျက်​တဲ့ ​အယူ​အဆ​တွေကို အားပေး​နေတယ်။ (ရော. ၁:၁၈–၂၅) အဲ​ဒီ​အယူအဆ​တွေ ကလေးရဲ့ စိတ်​နှလုံး​ထဲ အမြစ်​မ​တွယ်​သွား​အော​င် ဘယ်လို ကာကွယ်​ပေးနိုင်​မလဲ။ ယေဟောဝါ​ဘုရား တည်​ရှိတယ်၊ တစ်ဦး​ချင်း​စီ​ကို ဂရုစိုက်​တယ်ဆိုတာ ယုံကြည်​လာအောင် ငယ်ရွယ်​တဲ့​အချိန်​ကစပြီး ကလေးကို ကူညီ​ပေးပါ။ (၂ ကော. ၁၀:၄၊ ၅။ ဧ. ၆:၁၆) ကျောင်း​မှာ သင်ကြား​တာတွေ​နဲ့​ပတ်သက်ပြီး သူ့ရဲ့​သဘောထားကို သိအောင် မေးမြန်း​ပါ။ ပြီးတော့ နှလုံး​ထဲ​အထိ​ရောက်​အော​င် အထောက်​အကူ​ပြု ကိရိယာ​တွေကို အသုံးပြုပြီး ​သင်ပေးပါ။—သု. ၂၀:၅။ ယာ. ၁:၁၉

ရွယ်တူချင်း​တွေ ပြောဆိုရာဘုရားသခင်​ကို ယုံကြည်​ရတဲ့​အကြောင်းရင်း ဗီဒီယိုကို ကြည့်ပါ၊ ပြီးနောက် ဒီမေးခွန်း​တွေကို သုံးသပ်​ပါ–

  • ဘုရားသခင်​ကို ယုံကြည်​တာနဲ့​ပတ်သက်ပြီး အများ​ရဲ့​အယူအဆ​က ဘာလဲ။

  • ကျောင်းမှာ ဘာတွေ​သင်ပေး​သလဲ။

  • ယေဟောဝါ တကယ်​ရှိတယ်​ဆိုတာ ဘယ်​အချက်​တွေကြောင့် သင်​ယုံကြည်​တာလဲ။

  • အရာ​ခပ်သိမ်း​ကို ဘုရား​သခင် ဖန်ဆင်း​မှန်း တခြားသူ​လက်ခံ​လာအောင် သင် ဘယ်လို​ကူညီ​ပေးနိုင်​မလဲ။