ခရစ်ယာန်အသက်တာလမ်းစဉ်
ကျမ်းစာအခြေပြုစာပေတွေ ဝေငှတဲ့အခါ ပညာရှိပါ
ယေရှုက “သင်တို့သည် အခမဲ့ရကြသည်ဖြစ်၍ အခမဲ့ပေးကမ်းကြလော့” လို့ သွန်သင်ခဲ့တယ်။ (မ. ၁၀:၈) ဒါကြောင့် ကျွန်တော်တို့ဟာ ဒီရှင်းလင်းတဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး ကျမ်းစာ ဒါမှမဟုတ် ကျမ်းစာအခြေပြု စာပေတွေကို ဝေငှတဲ့အခါ အဖိုးအခမယူကြဘူး။ (၂ ကော. ၂:၁၇) ဒါပေမဲ့ ဒီစာအုပ်စာပေတွေထဲမှာ ကျမ်းစာပါ အဖိုးတန်အမှန်တရားတွေ ရှိတယ်။ စာပေတွေ ထုတ်လုပ်နိုင်ဖို့ ကြိုးစားအားထုတ်ရတဲ့အပြင် ကုန်ကျစရိတ်လည်း အများကြီးရှိတယ်။ စာပေတွေကို ပုံနှိပ်ပြီးနောက် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ အသင်းတော်တွေဆီ ပို့ပေးတယ်။ ဒါကြောင့် လိုသလောက်ပဲယူသင့်တယ်။
လူထုရှေ့သက်သေခံတဲ့ နေရာတွေမှာတောင် စာပေတွေကို ဆင်ဆင်ခြင်ခြင် ဝေငှပါ။ (မ. ၇:၆) လမ်းသွားလမ်းလာတွေကို စာပေတွေ အရမ်းဝေငှမယ့်အစား သူတို့ စိတ်ဝင်စားမှုရှိမရှိ သိနိုင်အောင် စကားစမြည် ပြောဆိုကြည့်ဖို့ ကြိုးစားပါ။ လေးထောင့်ကွက်ထဲက မေးခွန်း အနည်းဆုံးတစ်ခုကို “ဟုတ်ကဲ့” လို့ ဖြေနိုင်မလား။ တကယ်စိတ်ဝင်စားမှုရှိမရှိ မသေချာရင် ဝေစာလောက်ပဲ ဝေငှပါ။ ဒါပေမဲ့ မဂ္ဂဇင်း ဒါမှမဟုတ် တခြားစာပေတစ်ခုခုကို သူလိုချင်တယ်ဆိုရင် ပေးလိုက်ပါ။—သု. ၃:၂၇၊ ၂၈။