‘ထာဝရဘုရား၏ မင်္ဂလာနှစ်အကြောင်း ကြားပြော’
‘ထာဝရဘုရား၏မင်္ဂလာနှစ်’ ဆိုတာ ပကတိနှစ်တစ်နှစ် မဟုတ်
-
ယေဟောဝါရဲ့ လွတ်မြောက်မှုကြေညာချက်ကို စိတ်နှိမ့်ချသူတွေ တုံ့ပြန်ဖို့ ကိုယ်တော်အခွင့်အရေးပေးတဲ့ အချိန်ကာလ ဖြစ်တယ်
-
ပထမရာစုတုန်းက မင်္ဂလာနှစ်ဟာ ယေရှု စအမှုဆောင်တဲ့ အေဒီ ၂၉ မှာ အစပြုခဲ့ပြီး ယေဟောဝါရဲ့ “အပြစ်ပေးတော်မူရာ နေ့ရက်ကာလ” ဖြစ်တဲ့ ဂျေရုဆလင်မြို့ ပျက်စီးတဲ့ အေဒီ ၇၀ မှာ အဆုံးတိုင်ခဲ့တယ်
-
ဒီနေ့အချိန်မှာတော့ မင်္ဂလာနှစ်ဟာ ကောင်းကင်မှာ ယေရှုနန်းထိုင်တဲ့ ၁၉၁၄ ခုနှစ်မှာအစပြုပြီး ကြီးစွာသောဒုက္ခမှာ အဆုံးတိုင်ပါလိမ့်မယ်
ယေဟောဝါက မိမိလူမျိုးကို “ဖြောင့်မတ်ခြင်းသပိတ်ပင်” တွေနဲ့ ကောင်းချီးပေး
-
ကမ္ဘာပေါ်က အမြင့်ဆုံးသစ်ပင်တွေဟာ တစ်ပင်ကိုတစ်ပင် ထောက်ပံ့ပေးတဲ့ သစ်တောတွေမှာ ပေါက်လေ့ရှိတယ်
-
သစ်ပင်အမြစ်ကြီးတွေ ရောထွေးယှက်ဖြာနေတဲ့ စနစ်က သစ်ပင်တွေကို အခိုင်အမာ အမြစ်စွဲစေတယ်၊ မုန်တိုင်းဒဏ်ကို ခံနိုင်စေတယ်
-
အပင်ကြီးတွေက အပင်ပေါက်တွေကို အရိပ်ရစေတယ်။ ကြွေကျတဲ့အရွက်တွေက မြေဩဇာကောင်းစေတယ်
ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ခရစ်ယာန်ညီအစ်ကိုညီအစ်မ အားလုံးဟာ “ဖြောင့်မတ်ခြင်းသပိတ်ပင်” တွေဖြစ်တဲ့ ဘိသိက်ခံအကြွင်းအကျန်ရဲ့ ထောက်မကူညီမှုနဲ့ အကာအကွယ်ကြောင့် အကျိုးခံစားနေကြရတယ်