မိုးကောင်းကင်သစ်နဲ့ မြေကြီးသစ်ကြောင့် ရွှင်လန်းဝမ်းမြောက်ရလိမ့်မယ်
ဟေရှာယ အခန်းကြီး ၆၅ မှာ မှတ်တမ်းတင်ထားတဲ့ ပြန်လည်တည်ထောင်ခြင်း ကတိတော်ဟာ သိပ်သေချာတဲ့အတွက် ဖြစ်ပြီးတဲ့ပုံစံမျိုးနဲ့ ယေဟောဝါ ပြောထားတယ်
ကောင်းကင်သစ်နဲ့ မြေကြီးသစ်ကို ယေဟောဝါဖန်ဆင်းမှာဖြစ်လို့ အရင်တုန်းက ဖြစ်ခဲ့တာတွေကို သတိရတော့မှာ မဟုတ်ဘူး
ကောင်းကင်သစ်ဆိုတာ ဘာလဲ
-
ကမ္ဘာမြေပေါ် ဖြောင့်မတ်တဲ့အခြေအနေတွေ ဆောင်ကြဉ်းပေးမယ့် အစိုးရအသစ်
-
ဘုရားသခင့်နိုင်ငံတော်ရဲ့ ဘုရင်အဖြစ် ခရစ်တော်နန်းထိုင်တဲ့ ၁၉၁၄ ခုနှစ်မှာ ဒီအစိုးရအသစ်ကို တည်ထောင်တယ်
မြေကြီးသစ်ဆိုတာ ဘာလဲ
-
ကောင်းကင်အစိုးရအသစ်ရဲ့ အုပ်ချုပ်မှုကို လိုလိုလားလား လက်အောက်ခံတဲ့၊ လူမျိုးပေါင်းစုံ၊ ဘာသာစကားအမျိုးမျိုးကလူတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းအသစ်
အရင်တုန်းက ဖြစ်ခဲ့တာတွေကို သတိရတော့မှာ မဟုတ်ဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ
-
ကာယပိုင်း၊ စိတ်ဓာတ်ပိုင်းနဲ့ စိတ်လှုပ်ရှားမှုပိုင်းဆိုင်ရာ နာကြည်းဖွယ် အမှတ်ရ စရာတွေ ရှိတော့မှာမဟုတ်ဘူး
-
သစ္စာရှိသူတွေဟာ ပျော်ရွှင်မှု အပြည့်အဝ ခံစားရပါလိမ့်မယ်။ နေ့တိုင်း နှစ်သက်ဖွယ် အမှတ်ရစရာတွေပဲရှိပါလိမ့်မယ်