ခရစ်ယာန်အသက်တာလမ်းစဉ်
မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်နေပါ
မျှော်လင့်ခြင်းဟာ ကျောက်ဆူးနဲ့ တူတယ်။ (ဟေဗြဲ ၆:၁၉) မုန်တိုင်းထန်တဲ့ပင်လယ်မှာ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းသင်္ဘော မပျက်စီးအောင် ကူညီပေးတယ်။ (၁ တိ. ၁:၁၈၊ ၁၉) မုန်တိုင်းထန်တဲ့ပင်လယ်ဆိုတာ ကိုယ်တိုင်လုပ်မိတဲ့အမှားတွေ၊ ပစ္စည်းဥစ္စာဆုံးၡုံးတာတွေ၊ နာတာရှည်ရောဂါ၊ ချစ်ရသူတစ်ဦး ဆုံးပါးသွားတာနဲ့ ကျွန်တော်တို့ရဲ့ သစ္စာစောင့်သိမှုကို ပျက်စေတဲ့အရာတွေ ဖြစ်တယ်။
ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်းက ကတိတော်ကို မျက်ခြေမပြတ်အောင် ကူညီပေးတယ်။ (၂ ကော. ၄:၁၆–၁၈။ ဟေဗြဲ ၁၁:၁၃၊ ၂၆၊ ၂၇) ဒါကြောင့် ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်က ကောင်းကင်ဖြစ်စေ၊ မြေကြီးဖြစ်စေ ကျမ်းစာပါ ကတိတော်တွေကို ပုံမှန်တွေးတောဆင်ခြင်နေဖို့ လိုတယ်။ ဒါမှ အခက်အခဲတွေကြောင့် စိတ်ဓာတ်ကျတဲ့အခါ ပျော်ရွှင်မှုကို ဆက်ထိန်းသိမ်းနိုင်မှာ။—၁ ပေ. ၁:၆၊ ၇။
မျှော်လင့်ချက်ကြောင့် ဝမ်းမြောက်နေပါ ဗီဒီယိုကို ကြည့်ပြီးနောက် ဒီမေးခွန်းတွေကို ဖြေပါ–
-
မောရှေကို ဘာကြောင့် တုပသင့်တာလဲ။
-
အိမ်ထောင်ဦးစီးတွေ ဘာလုပ်ဖို့ တာဝန်ရှိသလဲ။
-
မိသားစုဝတ်ပြုမှုမှာ ဘာအကြောင်းတွေ ဆွေးနွေးသုံးသပ်မလဲ။
-
အခက်အခဲကြုံရချိန်မှာ ကြံ့ကြံ့ခံရပ်တည်နိုင်ဖို့ မျှော်လင့်ခြင်းက ဘယ်လိုကူညီပေးသလဲ။
-
သင် ဘာကို စောင့်မျှော်နေသလဲ။