မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ထိရောက်တဲ့ မေးခွန်းတွေ အသုံးပြုခြင်း

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း—ထိရောက်တဲ့ မေးခွန်းတွေ အသုံးပြုခြင်း

ဘာကြောင့် အရေးကြီး– လူတစ်ယောက်ရဲ့ “စိတ်ထဲက အတွေး​တွေဟာ နက်ရှိုင်း​တဲ့​ရေ​နဲ့ တူ​တယ်” ဆိုရင် မေးခွန်း​တွေ​က ခပ်ယူ​တဲ့ ရေပုံး​နဲ့ တူ​တယ်။ (ပ ၂၀:၅) မေးခွန်း​တွေ​က သင်သားကို ပါဝင်လာ​အောင် ကူညီပေး​သလို သေချာ​ပြင်ဆင်​ထားတဲ့ မေးခွန်း​တွေကို သူ​ဖြေ​တဲ့အခါ စိတ်ထဲ​ရှိတာ​တွေကို သိရတယ်။ ယေရှု​လည်း မေးခွန်း​တွေကို ထိထိရောက်ရောက် အသုံးပြု​ခဲ့တယ်။ ဘယ်လို တုပ​နိုင်သလဲ။

လုပ်ဆောင်နိုင်ရာ–

  • သဘောထား​မေးခွန်း​တွေ မေးပါ။ ယေရှု​က တပည့်​တွေရဲ့ အမြင်​ကို သိနိုင်ဖို့ မေးခွန်း​တွေ မေးခဲ့တယ်။ (မ ၁၆:၁၃-၁၆be ၂၃၈ ပိုဒ်. ၃-၅) ဘယ်လို သဘောထား မေးခွန်း​တွေ မေး​နိုင်သလဲ။

  • လမ်းကြောင်း​မေးခွန်း​တွေ မေးပါ။ ယေရှု​က ပေတရု​ရဲ့ စဉ်းစား​ပုံကို တည့်မတ်ပေး​ဖို့​နဲ့ မှန်မှန်ကန်ကန် ကောက်ချက်ချ​နိုင်​ဖို့ မေးခွန်း​တွေ မေးခဲ့တယ်။ (မ ၁၇:၂၄-၂၆) အဖြေ​မှန်​ပေးနိုင်​အောင် ဘယ်လို လမ်းကြောင်း​မေးခွန်း​တွေ မေး​မ​လဲ။

  • ချီးမွမ်း​ပေးပါ။ ကျမ်းတတ်​တစ်ယောက်က ‘ဉာဏ်သုံး​ပြီး ပြော’ တဲ့အခါ ယေရှု သူ့ကို ချီးမွမ်းခဲ့တယ်။ (မာ ၁၂:၃၄) မေးခွန်း​ကို အဖြေ​ပေးတဲ့​အခါ ဘယ်လို ချီးမွမ်း​မ​လဲ။

ယေရှု​လုပ်ခဲ့တဲ့​အလုပ်ကို လုပ်ဆောင်​ပါ—သွန်သင်​ပါ ဗီဒီယို ပထမပိုင်း​ကို ကြည့်ပြီး အောက်ပါ မေးခွန်း​တွေကို ဖြေပါ–

  • အချက်အလက်​တွေ တိကျ​တာ​မှန်​ပေ​မဲ့ သွန်သင်ပုံ မကောင်း​ဘူးလို့ ဘာကြောင့် ပြောနိုင်​တာလဲ။

  • အချက်အလက်​တွေကို ရှင်းပြ​ရုံ​ထက်မက​လုပ်ဖို့ ဘာကြောင့် လိုအပ်​တာလဲ။

ဗီဒီယို ဒုတိယ​ပိုင်း​ကို ကြည့်ပြီး အောက်ပါ မေးခွန်း​တွေကို ဖြေပါ–

  • ညီအစ်ကို​က မေးခွန်း​တွေကို ဘယ်လို ထိထိရောက်ရောက် သုံး​သွား​သလဲ။

  • သူ့ရဲ့​သွန်သင်ပုံ​က​နေ တခြား​ဘာတွေ​ကိုလည်း အတုယူ​နိုင်သလဲ။

ကိုယ့်ရဲ့​သွန်သင်ပုံ​က တခြား​သူ​အပေါ် ဘယ်လို အကျိုးသက်ရောက်​သလဲ။ (လု ၂၄:၃၂)