မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

“မိဘကို ရိုသေပါ”

“မိဘကို ရိုသေပါ”

ယေရှု ကမ္ဘာ​ပေါ်ရှိတုန်းက “မိဘ​ကို ရိုသေ​ပါ” ဆိုတဲ့ ပညတ်​ကို အလေးပေး ပြောခဲ့တယ်။ (ထွ ၂၀:၁၂။ မ ၁၅:၄) ယေရှု အဲဒီလို​ပြောနိုင်​တာ​က လူငယ်ဘဝ​မှာ “မိဘ​စကားကို အမြဲ​နာခံ” ခဲ့လို့​ပဲ။ (လု ၂:၅၁) မသေ​ခင်​အချိန်မှာ​တောင် မိခင်​ကို စောင့်ရှောက်​ဖို့ အသေအချာ စီစဉ်​ပေး​ခဲ့တယ်။—ယဟ ၁၉:၂၆၊ ၂၇

ဒီနေ့ခေတ် ခရစ်ယာန်​လူငယ်​တွေလည်း မိဘ​စကား နားထောင်ပြီး၊ လေးလေးစားစား ပြောဆိုခြင်း​ဖြင့် မိဘ​ကို ရိုသေ​ကြောင်း ပြ​နေကြတယ်။ ဘယ်​အသက်အရွယ် အထိ​ပဲ မိဘ​ကို​ရိုသေ​ပါ ဆိုတဲ့ ကန့်သတ်ချက် မရှိဘူး။ မိဘတွေ အသက်အရွယ်​ကြီး​ပြီး အိုမင်း​လာ​ရင်တောင် သူတို့​ဆီက အကြံဉာဏ်ကောင်း​တွေအတွက် ဆက်​ပြီး ရိုသေလေးစား သင့်တယ်။ (ပ ၂၃:၂၂) အသက်အရွယ်​ကြီးလာ​တဲ့ မိဘတွေ​ကို စိတ်ပိုင်းနဲ့ ငွေကြေး​ပိုင်း လိုအပ်​သလို ထောက်ပံ့​ပေး​ပြီး ရိုသေ​ကြောင်း ပြ​နိုင်တယ်။ (၁တိ ၅:၈) လူကြီး​ဖြစ်စေ၊ လူငယ်​ဖြစ်စေ မိဘတွေ​နဲ့ ဆက်ဆံရေးကောင်း​ရှိတာ​က သူတို့ကို ရိုသေလေးစား​ကြောင်း တင်ပြ​တဲ့ အဓိက​နည်း​ပဲ။

မိဘတွေ​နဲ့ ဘယ်လို စကားပြော​နိုင်သလဲ ကာတွန်း​သရုပ်ဖော် ဗီဒီယိုကို​ကြည့်ပြီး အောက်ပါ မေးခွန်း​တွေကို ဖြေပါ–

  • မိဘတွေ​နဲ့ စကားပြော​ဖို့ ဘာကြောင့် ခက်​ရတာလဲ။

  • မိဘတွေ​နဲ့ စကားပြောချိန်​မှာ သူတို့ကို လေးစားကြောင်း ဘယ်လို​ပြ​မ​လဲ။

  • မိဘတွေ​နဲ့ စကားပြော​ဆိုတာ ဘာကြောင့် အကျိုးရှိ​သလဲ။ (ပ ၁၅:၂၂)

    မိဘတွေ​နဲ့ စကားပြော​ဆိုတာက သင့်​ဘဝ​အောင်မြင်​ဖို့ အကူအညီ​ဖြစ်စေ