မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | မဿဲ ၁၄-၁၅

လူအနည်းငယ်ကတစ်ဆင့် လူအများကြီးကိုကျွေး

လူအနည်းငယ်ကတစ်ဆင့် လူအများကြီးကိုကျွေး

အေဒီ ၃၂၊ ပသခါပွဲ​မတိုင်မီ​မှာ ယေရှု အံ့ဖွယ်အမှု​တစ်ခု လုပ်​ခဲ့တယ်။ ဒါဟာ ခရစ်ဝင်ကျမ်း​ရေးသူ လေးယောက်​စလုံး မှတ်တမ်းတင်​ခဲ့တဲ့ တစ်ခုတည်း​သော​အံ့ဖွယ်အမှု​ပဲ။

ဒီနေ့ခေတ်​အထိ ယေရှု ဆက်​အသုံးပြု​သွားတဲ့ ပုံစံ​တစ်ခုကို အဲဒီ​အံ့ဖွယ်အမှု​က​နေ သိရတယ်။

၁၄:၁၆-၂၁

  • မုန့်​ငါးလုံး​နဲ့ ငါးနှစ်​ကောင်​ပဲ​ရှိပေမဲ့ လူအုပ်​ကို ကျွေးမွေး​ဖို့ တပည့်​တွေကို ယေရှု ညွှန်ကြားခဲ့

  • မုန့်​နဲ့ ငါး​တွေကို ယေရှု ယူပြီး ဆုတောင်း။ ပြီးနောက် မုန့်​တွေကို​ဖဲ့​ပြီး တပည့်​တွေကို ဝေပေး။ တပည့်​တွေ​က လူအုပ်​ကို ပြန်​ဝေပေး​ခဲ့

  • အံ့ဩစရာ​က လူတိုင်း စား​လောက်​ရုံ​သာမက ပို​နေ။ လူ​အနည်းငယ်​ဖြစ်တဲ့ တပည့်​တွေ​ကတစ်ဆင့် ထောင်နဲ့​ချီတဲ့ လူအုပ်​ကို ယေရှု ကျွေးမွေး​ခဲ့

  • နောက်ဆုံး​ကာလမှာ ‘အချိန်တန် အစားအစာ’ ဝေပေး​ဖို့ လမ်းကြောင်း​တ​ခု ရှိ​မယ်လို့ ယေရှု ကြိုဟော​ခဲ့။—မ ၂၄:၄၅

  • “အိမ်သူအိမ်သား​တွေ” ကို ကျွေးမွေး​ဖို့ ဘိသိက်ခံ​ညီအစ်ကို အုပ်စုငယ်​လေး​ကို ‘သစ္စာ​နဲ့ သတိပညာရှိကျွန်’ အဖြစ် ၁၉၁၉ ခုနှစ်မှာ ယေရှု ခန့်အပ်​ခဲ့

  • ပထမရာစု​တုန်းက ယေရှု​ချ​ခဲ့တဲ့ ပုံစံ​အတိုင်း ဘိသိက်ခံ​ညီအစ်ကို အုပ်စုငယ်​လေး​ကတစ်ဆင့် အချိန်တန်အစာ ကျွေးမွေး

လူတွေကို အချိန်တန်အစာ​ကျွေး​ဖို့ ယေရှု​အသုံးပြု​နေတဲ့ လမ်းကြောင်း​ကို အသိအမှတ်ပြု လေးစားကြောင်း ဘယ်လို တင်ပြ​နိုင်သလဲ။