မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | မဿဲ ၁၈-၁၉

တိုက်မိလဲစေမယ့် အရာတွေကို ရှောင်ပါ

တိုက်မိလဲစေမယ့် အရာတွေကို ရှောင်ပါ

ကိုယ်တိုင် တိုက်မိ​လဲ​တာနဲ့ တခြား​သူ​ကို တိုက်မိ​လဲ​အောင်​လုပ်တာ​ရဲ့ အပြစ်ကြီး​ပုံကို ပုံဥပမာ​တွေ​သုံးပြီး ယေရှု သွန်သင်ပေး​ခဲ့တယ်။

၁၈:၆၊ ၇

  • “တိုက်မိ​လဲ​စေတဲ့​အရာ” ဆိုတာက လူတစ်ဦး​ကို မသင့်​တော်​တဲ့​လမ်းစဉ် လိုက်​စေ၊ အကျင့်ပျက်​စေ၊ အပြစ်​လုပ်မိ​စေတဲ့ လုပ်ရပ်၊ အခြေအနေကို ဆိုလို

  • တစ်ယောက်​ယောက်ကို တိုက်မိ​လဲ​စေ​သူ​ဟာ ကြိတ်ဆုံကျောက်​ကို လည်​မှာ​ဆွဲ​ပြီး ပင်လယ်​ထဲကျ​သွားတာ ပို​ကောင်း

ကြိတ်ဆုံကျောက်

၁၈:၈၊ ၉

  • ကိုယ့်ကို တိုက်မိ​လဲ​စေတယ်​ဆိုရင် လက်​နဲ့ မျက်စိ​လို တန်ဖိုး​ရှိတဲ့​အရာ​ဖြစ်နေ​ရင်တောင် ဖြစ်​ထုတ်ပစ်​ဖို့ ယေရှု သွန်သင်​ခဲ့

  • တန်ဖိုး​ရှိတဲ့​အရာ​တွေကို ဆုပ်ကိုင်​ပြီး ဂေဟင်နာ​မှာ ထာဝရ​ဖျက်ဆီး​ခံ​ရတာ​ထက် အဲဒါတွေကို ဆုံးၡုံး​ခံ​ပြီး ဘုရားသခင့်​နိုင်ငံ​တော်​ထဲ ဝင်ခွင့်​ရတာ ပို​ကောင်း

ငါ့​အတွက် ဘာက တိုက်မိ​လဲစရာ ဖြစ်နေ​သလဲ။ ကိုယ်တိုင် တိုက်မိ​လဲတာ၊ တခြား​သူ​ကို တိုက်မိ​လဲ​စေ​တာမျိုး မ​ဖြစ်ဖို့ ဘယ်လို​ရှောင်​မ​လဲ