မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | မဿဲ ၁၂-၁၃

ဂျုံပင်နဲ့ ပေါင်းပင် ပုံဥပမာ

ဂျုံပင်နဲ့ ပေါင်းပင် ပုံဥပမာ

ယေရှု​က ဂျုံပင်​နဲ့ ပေါင်းပင် ပုံဥပမာ​ကို သုံးပြီး အေဒီ ၃၃ မှာ​စတင်​တဲ့ ဘိသိက်ခံ​ခရစ်ယာန်၊ ဂျုံပင်​အတန်းအစား​ကို လူသားတွေ​ထဲက​နေ ဘယ်လိုနည်းနဲ့ ဘယ်​အချိန်မှာ စုသိမ်း​မယ်ဆို​တာ ရှင်းပြ​ခဲ့တယ်။

၁၃:၂၄

“လူတစ်ယောက် လယ်​မှာ ကောင်းတဲ့​မျိုးစေ့ ကြဲ”

  • မျိုးကြဲသူ– ယေရှု​ခရစ်

  • ကောင်းတဲ့​မျိုးစေ့​ကို​ကြဲ– ယေရှုရဲ့​တပည့်​တွေ သန့်ရှင်းသောစွမ်းအားတော်​နဲ့ ဘိသိက်ပေး​ခံရ

  • လယ်– လူ့လောက

၁၃:၂၅

“လူတွေ အိပ်ပျော်​နေချိန်​မှာ ရန်သူ​ရောက်လာ . . . ပေါင်းမျိုးစေ့​ကြဲ​ပြီး ထွက်သွား”

  • ရန်သူ– မာရ်နတ်

  • လူတွေ​အိပ်ပျော်​နေချိန်– တမန်တော်​တွေ သေဆုံး​သွား​ချိန်

၁၃:၃၀

“ရိတ်သိမ်းချိန်​အထိ နှစ်မျိုး​စလုံး ပေါက်​ပါစေ”

  • ဂျုံပင်– ဘိသိက်ခံ ခရစ်ယာန်​တွေ

  • ပေါင်းပင်– ခရစ်ယာန် အတုအယောင်​တွေ

“ပေါင်းပင်​တွေကို အရင်​နုတ် . . . ပြီးမှ ဂျုံပင်​တွေကို​ရိတ်”

  • ကျွန်​တွေ/ရိတ်သိမ်း​သူတွေ– ကောင်းကင်တမန်​တွေ

  • ပေါင်းပင်​တွေကို စည်းထား– ခရစ်ယာန် အတုအယောင်​တွေကို ဘိသိက်ခံ ခရစ်ယာန်​တွေနဲ့ ခွဲခြား

  • ကျီ​ထဲ​စုသိမ်း– ဘိသိက်ခံ​ခရစ်ယာန်​တွေကို အသင်းတော်​ထဲ စုသိမ်း

ရိတ်သိမ်းခြင်း​စတင်ချိန်​မှာ ဘယ်​အရာက ခရစ်ယာန်စစ်​တွေကို အတုအယောင်​တွေနဲ့ ခွဲခြား​စေ​သလဲ။

ဒီ​ပုံဥပမာ​ကို နားလည်ခြင်း​က ဘယ်လို အကျိုး​ဖြစ်စေ​သလဲ။