“ဘုရားသခင်က ကျွန်တော်တို့ကို ချစ်မြတ်နိုးကြောင်း ဖော်ပြတယ်”
ယေဟောဝါရဲ့ ရွေးဖိုးလက်ဆောင်ဟာ ဘုရားရဲ့နာမည် သန့်ရှင်းမြင့်မြတ်ရေး၊ အချုပ်အခြာအာဏာ သံသယကင်းရှင်းရေး စတဲ့ ပြဿနာတွေကို ဖြေရှင်းရာမှာ အလွန်အရေးပါတယ်။ ဒါပေမဲ့ ရွေးဖိုးကြောင့် ကျွန်တော်တို့ဟာ အခုချိန်မှာ ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်နိုင်တယ်။ အနာဂတ်မှာလည်း နာခံမှုရှိသူတွေ ထာဝစဉ် အသက်ရှင်နိုင်မယ်။
ရွေးဖိုးလက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။
-
ဆက်ကပ်အပ်နှံ၊ နှစ်ခြင်းခံခြင်း အားဖြင့် ရွေးဖိုးကို ယုံကြည်ကြောင်း၊ ယေဟောဝါရဲ့ ပိုင်ဆိုင်ရာ ဖြစ်လိုကြောင်း ဖော်ပြနိုင်
-
ဘုရားနိုင်ငံတော်သတင်းကောင်း ဟောပြောခြင်း အားဖြင့် လူအမျိုးမျိုးကို ချစ်တဲ့ ယေဟောဝါကို အတုယူကြောင်း ဖော်ပြနိုင်။—မ ၂၂:၃၉။ ယဟ ၃:၁၆
ရွေးဖိုးလက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ငါ ဘယ်နည်းလမ်းတွေနဲ့ ဖော်ပြနိုင်သေးသလဲ