မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

ခံနိုင်ရည်ရှိရှိ ဆက်ပြီး စောင့်နေပါ

ခံနိုင်ရည်ရှိရှိ ဆက်ပြီး စောင့်နေပါ

ဘုရား​နိုင်ငံတော်​လာဖို့ သင် စောင့်​နေတာ ဘယ်လောက် ကြာ​နေပြီ​လဲ။ အခက်အခဲ​တွေ ရှိပေမဲ့ စိတ်ရှည်ရှည် သည်းခံ​နေ​သလား။ (ရ ၈:၂၅) ခရစ်ယာန်​တချို့ဟာ အမုန်း​ခံရ၊ မတရား​ဆက်ဆံခံရ၊ ထောင်ချ​ခံရ၊ အသတ်​တောင် ခံရ​ကြတယ်။ တခြားသူ​တွေ​ကျတော့ နာတာရှည်​ရောဂါ ခံစား​နေ​ရတယ်၊ အိုမင်း​လာကြတယ်။

ဘယ်​အခက်အခဲ​ကိုပဲ ရင်ဆိုင်​နေရ​ပါစေ မျှော်လင့်​တ​ကြီး စောင့်ဆိုင်း​နေဖို့ ဘာက ကူညီပေး​မလဲ။ နေ့တိုင်း ကျမ်းစာ​ဖတ်ရှုခြင်း၊ တွေးတော​ဆင်ခြင်ခြင်း​အားဖြင့် ယုံကြည်ခြင်းကို ခိုင်ခံ့အောင် လုပ်​နေဖို့ လိုတယ်။ မျှော်လင့်ချက်ကိုပဲ အာရုံစိုက်​နေရမယ်။ (၂က ၄:၁၆-၁၈။ ဟီ ၁၂:၂) ဘုရားရဲ့ သန့်ရှင်းသော​စွမ်းအားတော်​ရဖို့ ယေဟောဝါ​ဆီ တိုးလျှိုး​အသနားခံ၊ ဆုတောင်း​နေရမယ်။ (လု ၁၁:၁၀၊ ၁၃။ ဟီ ၅:၇) “ဝမ်းမြောက်​စွာ၊ စိတ်ရှည်​စွာ ခံရပ်နိုင်” ဖို့ မေတ္တာရှင် ဖခင် ကူညီပေး​နိုင်ပါတယ်။—ကော ၁:၁၁

“ခံနိုင်ရည်ရှိရှိ ပြေးကြ​ရမယ်”—ဆု​ရမယ်လို့ ယုံကြည်​စိတ်ချပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ဘဝမှာ ဘယ် “မျှော်လင့်​မထားတဲ့ ဖြစ်ရပ်တွေ” ကြုံရ​တတ်​သလဲ။ (ဒေ ၉:၁၁)

  • အခက်အခဲ​တွေ ကြုံရတဲ့​အခါ ဆုတောင်းခြင်းက ဘယ်လို ကူညီပေး​သလဲ။

  • ယေဟောဝါရဲ့ အမှုတော်မှာ အရင်က​လောက် မ​လုပ်နိုင်​တော့​တဲ့အခါ လက်ရှိ လုပ်နိုင်တဲ့​အရာကို​ပဲ ဘာကြောင့် အာရုံစိုက်​သင့်သလဲ။

  • ဆုကိုပဲ အာရုံစိုက်ပါ

    ဆု​ရမယ်လို့ ယုံကြည်​စိတ်ချ​နေဖို့ ဘာက သင့်ကို ကူညီပေး​သလဲ။