မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း​—မတိုးတက်တဲ့ ကျမ်းစာသင်အံမှုတွေကို ရပ်လိုက်ခြင်း

အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင် လုပ်ဆောင်ခြင်း​—မတိုးတက်တဲ့ ကျမ်းစာသင်အံမှုတွေကို ရပ်လိုက်ခြင်း

ဘာကြောင့် အရေးကြီး– လူတွေ ကယ်တင်​ခံရဖို့ ယေဟောဝါရဲ့ နာမည်ကို ခေါ်​ရမှာ​ ဖြစ်တယ်။ (ရ ၁၀:၁၃၊ ၁၄) ဒါပေမဲ့ ကျမ်းစာ​လေ့လာဖို့ သဘောတူ​တဲ့​သူ​တိုင်း​ကတော့ ယေဟောဝါရဲ့​စံနှုန်း​အတိုင်း နေထိုင်​ချင်​ကြ​တာ မဟုတ်ဘူး။ ယေဟောဝါရဲ့ မျက်နှာသာ​ရဖို့ အမှန်တကယ် ပြောင်းလဲ​ချင်​သူတွေကို ကူညီပေးခြင်း​အားဖြင့် ကျွန်တော်တို့ရဲ့ အဖိုးတန်​အချိန်တွေကို အသုံးပြု​ကြပါတယ်။ ဒါကြောင့် ကျမ်းစာ​သင်း​သားတစ်ယောက်​ဟာ အချိန်​အတိုင်းအတာ တစ်ခု​အတွင်းမှာ မတိုးတက်​ဘူးဆိုရင် သူ့ကို ကျမ်းစာ ဆ​က်​မသင်တော့ဘဲ အဖွဲ့အစည်း​ထံ ယေဟောဝါ ဆွဲဆောင်​သူကို​ပဲ ကူညီဖို့ ကျွန်တော်တို့ရဲ့ အချိန်ကို အသုံးပြု​မှာ​ဖြစ်တယ်။ (ယဟ ၆:၄၄) ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒီ​ပုဂ္ဂိုလ်ဟာ ပြောင်းလဲ​လာပြီး “ထာဝရ​အသက်​ရဖို့ စိတ်ရင်းမှန်နဲ့ ကြိုးစား” သူ​ဖြစ်ကြောင်း ဖော်ပြတယ်​ဆိုရင် ကျမ်းစာသင်အံမှု​ကို ပြန်​စ​နိုင်ပါတယ်။—တ ၁၃:၄၈

လုပ်ဆောင်​နိုင်ပုံ–

  • တိကျ​မှန်ကန်တဲ့ အသိပညာ ရယူ​ချင်တဲ့​အတွက် ကျမ်းစာ​သင်သားကို ချီးမွမ်းပါ။—၁တိ ၂:၄

  • လေ့လာ​သိရှိ​တာ​ကို လက်တွေ့​ကျင့်သုံးဖို့ အရေးကြီးကြောင်း ပြောပြပါ။—လု ၆:၄၆-၄၉

  • မျိုးကြဲသူ ပုံဥပမာ​အကြောင်း ပြောပြပါ၊ တိုးတက်ဖို့ ဘာက အတားအဆီး ဖြစ်နေ​သလဲ​ဆိုတာ သူ့ကို မေးကြည့်ပါ။—မ ၁၃:၁၈-၂၃

  • ဘာကြောင့် ကျမ်းစာ ဆ​က်​မသင်​ပေး​တော့​သလဲ​ဆိုတာ လိမ္မာ​ပါးနပ်​စွာ ရှင်းပြပါ

  • သူ့​ဆီ​ကို မကြာမကြာ လာ​လည်ပတ် အား​ပေးမယ့်​အကြောင်း၊ သူ တိုးတက်​လာတဲ့အခါ ကျမ်းစာ​ပြန်​သင်​ပေးမယ့်​အကြောင်း ပြောပြပါ

ဗီဒီယိုကို ကြည့်ပြီး အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ကျမ်းစာ​သင်သား မတိုးတက်​ဘူးဆို​တာ ဒီ​စကားပြော​ခန်း​ကနေ ဘယ်လို သိရသလဲ။

  • ပြောင်းလဲဖို့​လို​မှန်း ကျမ်းစာ​သင်သား နားလည်​လာ​အောင် ကြေညာသူ ဘယ်လို ကူညီပေး​သလဲ။

  • ကြေညာ​သူက နောက်ပိုင်း တစ်ချိန်ချိန်မှာ ကျမ်းစာ​ပြန်​သင်ပေး​နိုင်ဖို့ ဘယ်လို လမ်းဖွင့်​ထားခဲ့​သလဲ။