ခရစ်ယာန်အသက်တာ လမ်းစဉ်
ဘုရားသခင့် အရည်အသွေးတွေကို သင် တွေ့မြင်ပါသလား
အရောင်အသွေးစုံတဲ့ ပန်းတွေ၊ ကြယ်တွေစုံတဲ့ ကောင်းကင်၊ တဝေါဝေါဆူညံနေတဲ့ ရေတံခွန်ကို ကြည့်လိုက်တဲ့အခါ ဖန်ဆင်းရှင်ရဲ့ လက်ရာကို သင် တွေ့မြင်ပါသလား။ ကျွန်တော်တို့ ဝန်းကျင်မှာ တွေ့ရတဲ့ ဖန်ဆင်းခြင်းလက်ရာတွေက ယေဟောဝါရဲ့ မမြင်ရတဲ့ အရည်အသွေးတွေကို ထင်ထင်ရှားရှား ဖော်ပြနေတယ်။ (ရ ၁:၂၀) ခဏလောက် အချိန်ယူပြီး မြင်နေရတဲ့ အရာတွေအကြောင်း စဉ်းစားတွေးတောမယ်ဆိုရင် ဘုရားရဲ့ တန်ခိုး၊ မေတ္တာ၊ ဉာဏ်ပညာ၊ တရားမျှတမှုနဲ့ ရက်ရောမှုကို တွေ့မြင်နိုင်တယ်။—ဆ ၁၀၄:၂၄။
ယေဟောဝါရဲ့ ဘယ်ဖန်ဆင်းခြင်း လက်ရာတွေကို သင် နေ့တိုင်း မြင်တွေ့နေရသလဲ။ မြို့ပေါ်မှာ နေရင်တောင် ငှက်တွေ၊ သစ်ပင်တွေကို မြင်ရပါတယ်။ ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို အာရုံစူးစိုက် လေ့လာမယ်ဆိုရင် အလွန်အမင်း မစိုးရိမ်ဖို့၊ ပိုအရေးကြီးတဲ့ အရာတွေကို ဦးစားထားဖို့၊ ကျွန်တော်တို့ကို အမြဲကူညီပေးနိုင်တဲ့ ယေဟောဝါရဲ့ အစွမ်းတန်ခိုးကို ပိုယုံကြည်စိတ်ချဖို့ ကူညီပေးနိုင်ပါတယ်။ (မ ၆:၂၅-၃၂) သင့်မှာ သားသမီးတွေ ရှိတယ်ဆိုရင် ပြိုင်ဘက်ကင်းတဲ့ ယေဟောဝါရဲ့ အရည်အသွေးတွေကို သိမြင်နားလည်ဖို့ ကူညီပေးပါ။ ပတ်ဝန်းကျင်မှာ တွေ့ရတဲ့ ဖန်ဆင်းရာတွေကို လေးမြတ်စိတ် တိုးများလာလေ ဖန်ဆင်းရှင်နဲ့ ပိုရင်းနှီးလာလေပဲ။—ဆ ၈:၃၊ ၄။
အံ့ဖွယ်ဖန်ဆင်းရာများက ဘုရားသခင့်ဘုန်းတော် ထင်ရှားစေကြ—အလင်းနဲ့ အရောင် ဗီဒီယိုကို ကြည့်ပါ၊ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
-
ရောင်ခြယ်ဓာတုပစ္စည်းတွေက ဘယ်လိုနည်းနဲ့ အရောင်တွေကို ဖြစ်ပေါ်စေသလဲ။
-
ဘာကြောင့် တောက်ပတဲ့ အရောင်စုံတွေ ထွက်ပေါ်လာသလဲ။
-
ကောင်းကင်မှာ ဘာကြောင့် အရောင်အမျိုးမျိုး တွေ့ရသလဲ။
-
သင့်ပတ်ဝန်းကျင်မှာ ဘယ်ထူးခြားတဲ့ အရောင်တွေကို မြင်တွေ့ရသလဲ။
-
ဘာကြောင့် အချိန်ယူပြီး သဘာဝလောကကို စူးစမ်းလေ့လာသင့်သလဲ။