မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အေဒီ ၃၃၊ ပသခါပွဲ​အတွက် ပေတရု​နဲ့ ယောဟန် အထက်​ခန်းမ​မှာ ပြင်ဆင်​နေကြ​စဉ်။

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

အောက်မေ့ရာပွဲအတွက် ပြင်ဆင်နေသလား

အောက်မေ့ရာပွဲအတွက် ပြင်ဆင်နေသလား

ယေရှု ကျင်းပ​ခဲ့​တဲ့ နောက်ဆုံး​ပသခါပွဲ​က ထူးခြားတယ်။ မကြာခင် သေရ​တော့​မှာ​ ဖြစ်​လို့ တမန်​တော်​တွေ​နဲ့​အတူ ပသခါညစာ အတူ​စားဖို့၊ နှစ်စဉ်​ ကျင်းပ​ရတော့မယ့် သခင့် ညစာ​စားပွဲ​ကို အစပြု​ကျင်းပ​ဖို့ စီစဉ်​ခဲ့တယ်။ ဒါ​ကြောင့် ပေတရုနဲ့ ယောဟန်ကို အခန်း ပြင်ဆင်​ဖို့ လွှတ်လိုက်တယ်။ (လု ၂၂:၇-၁၃။ မျက်နှာဖုံး​ပုံကို ကြည့်​ပါ။) အဲဒါ​က မတ်လ ၂၇ ရက်​နေ့မှာ ကျရောက်​မယ့် အောက်မေ့ရာပွဲကို ပြင်ဆင်​ဖို့​ လိုတယ်​ဆိုတာ သတိ​ရစေတယ်။ အသင်းတော်တွေ​ကတော့ ဟောပြောမယ့်​သူ၊ မုန့်​နဲ့​ဝိုင် စ​တာတွေကို ပြင်ဆင်​ပြီး ဖြစ်ပါ​လိမ့်မယ်။ ဒါပေမဲ့ တစ်ဦးချင်း​စီ​အနေ​နဲ့ အောက်မေ့ရာပွဲ​အတွက် အသင့်​ဖြစ်အောင် ဘာတွေ လုပ်နိုင်သလဲ။

စိတ်နှလုံး​ကို ပြင်ဆင်​ပါ။ အောက်မေ့ရာပွဲ​အတွက် ပေး​ထား​တဲ့ ကျမ်းချက်​တွေ​ကို ဖတ်ရှု​ပြီး တွေးတော​ဆင်ခြင်​ပါ။ ဖတ်​ရမယ့် ကျမ်းချက်​တွေ​ကို နေ့စဉ်​ကျမ်းချက်​စာအုပ်​မှာ တွေ့​နိုင်တယ်။ ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း နောက်ဆက်တွဲ ခ၁၂ မှာ အသေးစိတ် လေ့လာ​နိုင်​တဲ့ ဇယား ရှိတယ်။ (ဧပြီ ၂၀၂၀အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း လေ့ကျင့်ခန်း​စာစောင်​ကိုလည်း ကြည့်​ပါ။) မိသားစု​ ဝတ်ပြုမှု​မှာ လေ့လာ​နိုင်​တဲ့ ရွေးနုတ်ဖိုး အရေးကြီးပုံ အချက်အလက်​တွေ​ကို ယေဟောဝါသက်သေ​တွေ​အတွက် ကျမ်းစာ​လေ့လာမှု လမ်းညွှန်​မှာ ကြည့်​နိုင်တယ်။

တခြား​သူတွေကို ဖိတ်ခေါ်ပါ။ ဖိတ်စာ​ကင်ပိန်း​မှာ အပြည့်အဝ ပါဝင်​ပါ။ ပြန်လည်ပတ်မှု​တွေ၊ အရင်က ကျမ်းစာ​သင်သားတွေ၊ အသိအကျွမ်း​တွေ၊ ဆွေမျိုး​တွေ​ကို ဖိတ်ခေါ်​နိုင်တယ်။ အကြီးအကဲ​တွေ​က မလှုပ်မရှား​ ဖြစ်နေ​သူတွေကို ဖိတ်ခေါ်​ဖို့ သေချာ စီစဉ်​သင့်တယ်။ ဖိတ်ခေါ်​ချင်​တဲ့​သူက သင့်​ဒေသမှာ မနေထိုင်​ဘူးဆို​ရင် jw.org ပင်မ​စာမျက်နှာ၊ ကျွန်တော်​တို့​အကြောင်း၊ “အောက်မေ့ရာပွဲ” ကို​ သွားပြီး သူ​နေတဲ့​ ဒေသမှာ အောက်မေ့ရာပွဲ​ ကျင်းပ​မယ့် အချိန်နဲ့ နေရာကို ရှာ​နိုင်​ပါ​တယ်။

နောက်ထပ် ဘာတွေ ပြင်ဆင်​နိုင်​သေး​သလဲ။