မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှုဆောင်​လုပ်ငန်းမှာ ကျင့်သုံး​ပါ | အမှုဆောင်​လုပ်ငန်းမှာ ပို​ပျော်ရွှင်​နိုင်​ပုံ

မေးခွန်းတွေ မေးပါ

မေးခွန်းတွေ မေးပါ

“ပျော်ရွှင်​တဲ့ ဘုရားသခင်” ယေဟောဝါ​က ကျွန်တော်​တို့ကို အမှုဆောင်​လုပ်ငန်းမှာ ပျော်ရွှင်​စေချင်တယ်။ (၁တိ ၁:၁၁) ကျွန်တော်​တို့​ရဲ့ စွမ်းရည်​တွေ တိုးတက်​လာတာ​နဲ့​အမျှ ပိုပျော်ရွှင်​လာမယ်။ မေးခွန်းတွေ မေး​တာ​က စိတ်ဝင်စားမှု​ကို နှိုးဆွ​နိုင်​ပြီး သဘာဝ​ကျ​ကျ စကားစမြည် စ​ပြော​နိုင်​ဖို့ လမ်းစ​ရနိုင်တယ်။ (မ ၂၂:၄၁-၄၅) မေးခွန်းတွေ မေး​ပြီး အဖြေတွေကို နားထောင်ပေး​တာ​က ‘ခင်ဗျား​က ကျွန်တော့်​အတွက် အရေးပါ​တယ်’ လို့ ပြော​တဲ့​သဘော သက်ရောက်​တယ်။ (ယာ ၁:၁၉) တစ်ဖက်သား​ရဲ့ အဖြေ​က ဘယ်လို ထိထိရောက်ရောက် စကား​ဆက်​ပြော​ရမယ်ဆိုတာ သိစေတယ်။

တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်းမှာ ပျော်ရွှင်​ဖို့ စွမ်းရည်​များ​ကို မြှင့်တင်​ပါ—မေးခွန်းများ မေး​ခြင်း ဗီဒီယိုကို ကြည့်​ပါ။ ပြီး​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ။

  • ဂျက်စမင်​မှာ ဘယ်​အရည်အသွေးကောင်း​တွေ ရှိသလဲ။

  • နီ​တာ​ဟာ ပုဂ္ဂိုလ်ရေး​ စိတ်ဝင်စား​တယ် ဆိုတာ​ ပြဖို့ ဘယ်လို မေးခွန်းတွေ မေး​သလဲ။

  • သတင်းကောင်းကို ဂျက်စမင် စိတ်ဝင်စား​လာအောင် နီ​တာ ဘယ်လို မေးခွန်းတွေ မေး​သလဲ။

  • ဂျက်စမင် စဉ်းစား​ဆင်ခြင်​နိုင်အောင် နီ​တာ ဘယ်လို မေးခွန်းတွေ မေး​သလဲ။