မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှုဆောင်​လုပ်ငန်းမှာ ကျင့်သုံး​ပါ | အမှုဆောင်​လုပ်ငန်းမှာ ပို​ပျော်ရွှင်​နိုင်​ပုံ

ကျမ်းစာ သုံးပါ

ကျမ်းစာ သုံးပါ

ဘုရားသခင်​ရဲ့ နှုတ်ထွက်​စကား​ဟာ အစွမ်းထက်တယ်။ (ဟီ ၄:၁၂) ဘုရား​အကြောင်း မသိ​သူတွေရဲ့ စိတ်နှလုံး​ကို​တောင် ထိမိ​စေနိုင်​တယ်။ (၁သ ၁:၉။ ၂:၁၃) ကျွန်တော်​တို့ ပြ​လိုက်တဲ့ ကျမ်းစာ​အမှန်တရားကို တစ်ယောက်ယောက် လေးမြတ်​တာ တွေ့ရတဲ့​အခါ ဝမ်းသာ​ကြတယ်။

တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်းမှာ ပျော်ရွှင်​ဖို့ စွမ်းရည်​များ​ကို မြှင့်တင်​ပါ— ကျမ်းစာ အစွမ်း​တန်ခိုး​ကို ခံစား​စေခြင်း ဗီဒီယိုကို ကြည့်​ပါ။ ပြီး​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ။

  • ကျမ်းစာ​ကို ဖွင့်ဖတ်​ဖို့ လို​ကြောင်း ဂျက်စမင် သိမြင်​လာအောင် နီ​တာ ဘယ်လို လုပ်ခဲ့သလဲ။

  • ကျမ်းစာ​ကို အသံထွက် ဖတ်​စေခြင်း၊ ကျမ်းချက်​မှာ ပါတဲ့ အဓိက​အချက်​တွေ​ကို ထုတ်နုတ်​ခြင်း​အားဖြင့် ကျမ်းစာ​ရဲ့ အစွမ်း​တန်ခိုး​ကို ခံစား​ရအောင် ဘယ်လို လုပ်ခဲ့သလဲ။

  • ကျမ်းချက်​က ဂျက်စမင်​ရဲ့ စိတ်နှလုံး​ကို ထိမိ​ကြောင်း ဘာက ဖော်ပြ​သလဲ။ အဲဒါ​ကြောင့် နီ​တာ ဘယ်လို ခံစား​ရမယ်​လို့ ထင်​သလဲ။