မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

အပေါင်းအသင်းကို ပညာရှိရှိ ရွေးချယ်ပါ

အပေါင်းအသင်းကို ပညာရှိရှိ ရွေးချယ်ပါ

မောဘ​လွင်ပြင် ရောက်နေတဲ့ အစ္စရေး​တွေ​ဆီကနေ ခရစ်ယာန်​တွေ ဘာ​သင်ယူ​နိုင်​သလဲ။ (၁က ၁၀:၆၊ ၈၊ ၁၁) အစ္စရေး​တွေ​ဟာ လိင်​အကျင့်​ယိုယွင်း​တဲ့၊ ရုပ်တု​ကိုးကွယ်​တဲ့ မောဘ​အမျိုးသမီးတွေနဲ့ ပေါင်းသင်း​ကြ​ပြီး ကြီး​လေး​တဲ့ အမှားတွေ ပြုလုပ်​ခဲ့​ကြတယ်။ အဲဒါ​ကြောင့် လူများစွာ အသက်ဆုံးရှုံး​ခဲ့​ရတယ်။ (တလ ၂၅:၉) ကျွန်တော်​တို့ အနီး​နား​မှာလည်း ယေဟောဝါ​ကို ဝတ်​မပြုတဲ့ အလုပ်ဖော်၊ ကျောင်းနေ​ဖက်၊ အိမ်နီးချင်း၊ ဆွေမျိုး၊ အသိအကျွမ်း​တွေ ရှိနေတယ်။ သူတို့နဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်း​တာက အန္တရာယ်​ရှိ​မှန်း ဒီ​ကျမ်း​မှတ်တမ်းကနေ ဘာ​သင်ယူ​နိုင်​သလဲ။

အခုခေတ်​အတွက် သတိပေး ပုံ​နမူနာ​များ—ကောက်နုတ်​ချက် ဗီဒီယိုကို ကြည့်​ပါ။ ပြီး​နောက် အောက်ပါ​မေးခွန်းတွေ ဖြေပါ။

  • ယာ​မိန်​ကို ပြော​တဲ့​စကား​ကနေ ဇိမရိ​နဲ့ တခြား​သူတွေ အတွေးအခေါ် လွဲမှား​နေမှန်း ဘယ်လို သိရသလဲ။

  • ကိစ္စရပ်​တွေ​ကို မှန်မှန်ကန်ကန် ရှုမြင်ဖို့ ယာ​မိန်​ကို ဖိနဟတ် ဘယ်လို ကူညီပေး​သလဲ။

  • ယုံကြည်ခြင်း မတူ​သူတွေကို ဖော်ဖော်ရွေရွေ ဆက်ဆံ​တာ​နဲ့ ရင်းရင်းနှီးနှီး​ ပေါင်းတာ ဘာကွာ​သလဲ။

  • အသင်းတော်ထဲမှာ​လည်း အပေါင်းအသင်း ရွေး​တဲ့​အခါ ဘာကြောင့် ဂရုစိုက်​သင့်သလဲ။

  • လူ​ချင်း​ မရင်းနှီးတဲ့​သူတွေကို အင်တာနက်​က​တစ်ဆင့် ပေါင်းသင်း​တာ​ကို ဘာကြောင့် ရှောင်သင့်​သလဲ။