မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

ယေဟောဝါကို ယုံကြည်ကိုးစားနိုင်တဲ့ နည်းလမ်း သုံးခု

ယေဟောဝါကို ယုံကြည်ကိုးစားနိုင်တဲ့ နည်းလမ်း သုံးခု

ဒါဝိဒ်ဟာ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​လို့ ဂေါလျတ်​ကို အနိုင်​ရခဲ့တယ်။ (၁ရှ ၁၇:၄၅) ယေဟောဝါ​ဟာ ဝတ်ပြုသူ​အားလုံး​အတွက် မိမိရဲ့ အစွမ်း​တန်ခိုး​ကို ပြ​ချင်​တယ်။ (၂ရ ၁၆:၉) ကိုယ့်ရဲ့ အတွေ့အကြုံ​နဲ့ စွမ်းရည်​ကို အားကိုးမယ့်​အစား ယေဟောဝါ ပြင်ဆင်​ပေး​ထား​တဲ့ အကူအညီကို ယုံကြည်​ကိုးစား​ကြောင်း ဘယ်လို ပြ​နိုင်​သလဲ။ နည်းလမ်း သုံးခု ရှိပါတယ်–

  • မကြာခဏ ဆုတောင်း​ပါ။ အပြစ်​လုပ်မိတဲ့​အခါ ခွင့်လွှတ်​ခံရ​ဖို့ ဆုတောင်း​ပါ၊ အဲဒီအပြင် အပြစ်​လုပ်ဖို့ သွေးဆောင်​ခံရတဲ့​အခါ တိုက်လှန်​နိုင်​တဲ့ ခွန်အား​ ရဖို့​လည်း ဆုတောင်း​ပါ။ (မ ၆:၁၂၊ ၁၃) ဆုံးဖြတ်ချက်​တွေ​ကို ယေဟောဝါ ကောင်းချီး​ပေးဖို့​သာ ဆု​မ​တောင်း​ဘဲ ဆုံးဖြတ်ချက် မချခင် လမ်းညွှန်မှုနဲ့ ဉာဏ်​ပညာ​ ပေးဖို့ ဆုတောင်း​ပါ။—ယာ ၁:၅

  • ကျမ်းစာ ဖတ်​တဲ့၊ လေ့လာ​တဲ့ လုပ်ရိုးလုပ်စဉ်​တစ်ခု ထား​ရှိပါ။ နေ့တိုင်း ကျမ်းစာ​ဖတ်ပါ။ (ဆ ၁:၂) ကျမ်းစာ စံနမူနာ​တွေ​ကို တွေးတော​ဆင်ခြင်​ပါ၊ သိလာတဲ့ သင်ခန်းစာတွေကို လက်တွေ့​ကျင့်​ပါ။ (ယာ ၁:၂၃-၂၅) အမှုဆောင်​လုပ်ငန်းမှာ ကိုယ့်ရဲ့ အရင်က အတွေ့အကြုံကို အားမကိုး​ဘဲ ကြိုတင်​ပြင်ဆင်​ပါ။ အစည်းအဝေးတွေ​အတွက် ကြိုတင် ပြင်ဆင်ခြင်း​အားဖြင့် အကျိုး​အပြည့်အဝ ရယူပါ

  • ယေဟောဝါရဲ့ အဖွဲ့အစည်း​နဲ့ ပူးပေါင်း​ပါ။ အဖွဲ့အစည်း​ရဲ့ နောက်ဆုံး ညွှန်ကြားချက်​တွေ​နဲ့ အမီလိုက်​နေပါ၊ ချက်ချင်း လိုက်နာပါ။ (တလ ၉:၁၇) အကြီးအကဲ​တွေ​ဆီက အကြံဉာဏ်​တွေ၊ လမ်းညွှန်ချက်တွေ ရတဲ့အခါ နားထောင်ပါ။—ဟီ ၁၃:၁၇

နှိပ်စက်​ညှဉ်းပန်း​ခြင်း​ကို ကြောက်စရာ​ မလို ဗီဒီယိုကို ကြည့်​ပါ။ ပြီး​တဲ့​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

• ကြောက်စရာ​ကောင်း​တဲ့ ဘယ်​အခြေအနေ​တွေ​ကို ညီအစ်ကို ညီအစ်မ​တွေ ကြုံတွေ့​ခဲ့​ကြသလဲ။

• ကြောက်​စိတ်​ကို အောင်မြင်​ဖို့ ဘာက ကူညီ​ပေး​ခဲ့​သလဲ။