မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

အခက်အခဲဒုက္ခတွေ တစ်နေ့ ပြီးဆုံးသွားမယ်

အခက်အခဲဒုက္ခတွေ တစ်နေ့ ပြီးဆုံးသွားမယ်

အခက်အခဲ​တွေ​ကြောင့် အလွယ်တကူ စိတ်ဓာတ်ကျ​နိုင်တယ်။ အထူးသဖြင့် အချိန်​ကြာနေ​တဲ့​အခါမှာ ဖြစ်တယ်။ ဘုရင်​ ရှောလု​ကြောင့် ကြုံနေ​ရတဲ့ အခက်အခဲ​တွေ တစ်နေ့ ပြီးဆုံး​သွားမယ်၊ ယေဟောဝါ ကတိပေး​ထား​တဲ့​အတိုင်း မိမိ ဘုရင် ဖြစ်လာ​မယ်​ဆိုတာ ဒါဝိဒ် သိတယ်။ (၁ရှ ၁၆:၁၃) ဒါဝိဒ်ရဲ့ ယုံကြည်ခြင်းက ယေဟောဝါ​ကို စိတ်ရှည်ရှည် စောင့်ဆိုင်း​ဖို့ ကူညီ​ပေး​ခဲ့တယ်။

ကျွန်တော်​တို့​ဟာ အခက်အခဲ​တွေ ကြုံ​တဲ့​အခါ အခြေအနေ​ကို ပြောင်းလဲ​ပစ်​ဖို့ အကြံဉာဏ်​တွေ၊ အသိပညာ​တွေ၊ တွေးတော​ကြံစည်​နိုင်စွမ်း​တွေ ထုတ်သုံး​ကြတယ်။ (၁ရှ ၂၁:၁၂-၁၄။ ပ ၁:၄) ဒါပေမဲ့ တချို့ အခက်အခဲ​တွေ​က ကျမ်းစာ​အခြေခံ​မူတွေ​နဲ့​အညီ အတတ်နိုင်ဆုံး ဖြေရှင်း​ပြီး​နောက်​မှာ​တောင် ဆက်​ရှိနေ​နိုင်တယ်။ အဲဒီလို အခြေအနေ​မျိုးမှာ ယေဟောဝါ​ကို စိတ်ရှည်ရှည် စောင့်ဆိုင်း​နေဖို့ လိုတယ်။ မကြာခင် ဘုရား​က ကျွန်တော်​တို့​ရဲ့ ဆင်းရဲ​ဒုက္ခတွေကို ဖယ်ရှား​ပေး​တော့​မယ်။ “မျက်ရည်​ရှိသမျှကို သုတ်​ပေး” တော့​မယ်။ (ဗ ၂၁:၄) ယေဟောဝါ ကူညီ​ပေး​လို့​ဖြစ်စေ၊ တခြား​အကြောင်းကြောင့်​ဖြစ်စေ ဆင်းရဲ​ဒုက္ခတွေ​ကနေ သက်သာရာ ရနိုင်တယ်။ ဒါပေမဲ့ သေချာ​တာ​တစ်ခု​က​တော့ အခက်အခဲ​ဒုက္ခ​အားလုံး တစ်နေ့ ပြီးဆုံး​သွားမယ်။ အဲဒီ​အချက်​က ကျွန်တော်​တို့ကို အတိုင်းအတာ​တစ်ခု​အထိ စိတ်သက်သာရာ ရစေပါ​တယ်။

ကွဲပြားနေတဲ့ လောကမှာ စည်းလုံးတဲ့ လူမျိုးတစ်မျိုး ဗီဒီယိုကို ကြည့်ပါ။ ပြီး​တဲ့​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • အမေရိကန်​တောင်ပိုင်း​က ခရစ်ယာန်​တချို့ ဘာ​အခက်အခဲ​တွေ ကြုံတွေ့​ခဲ့​ကြသလဲ။

  • စိတ်ရှည်ခြင်း​နဲ့ မေတ္တာကို သူတို့ ဘယ်လို တင်ပြ​ခဲ့​ကြသလဲ။

  • ဘယ်လိုနည်းနဲ့ “ပို​အရေးကြီးတဲ့​အရာ​တွေ​ကို” ဆက် အာရုံစိုက်ခဲ့​ကြသလဲ။—ဖိ ၁:၁၀