မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှုဆောင်​လုပ်ငန်းမှာ ကျင့်သုံး​ပါ | အမှုဆောင်​လုပ်ငန်းမှာ ပို​ပျော်ရွှင်​နိုင်​ပုံ

ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ ကျမ်းစာသင်သားကို ကူညီပါ

ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ ကျမ်းစာသင်သားကို ကူညီပါ

ယေဟောဝါ​ကို ချစ်​ပြီး ဝတ်ပြု​ကိုးကွယ်​တာ​ကို ဘုရား အလိုရှိတယ်။ (မ ၂၂:၃၇၊ ၃၈) ဘုရားသခင်​ကို ချစ်တဲ့​ မေတ္တာက ကျမ်းစာ​သင်သားကို လိုအပ်​တဲ့ ပြောင်းလဲမှု​တွေ လုပ်ဖို့၊ အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖို့ ခွန်း​အားပေး​မယ်။ (၁ယ ၅:၃) ဘုရားသခင်​ကို ချစ်တဲ့​ မေတ္တာက နှစ်ခြင်း​ခံ​ဖို့ သူတို့ကို လှုံ့ဆော်ပေး​မယ်။

ကျမ်းစာ​သင်သားတွေကို ဘုရားသခင် ချစ်​ကြောင်း သိမြင်​လာအောင် ကူညီ​ပေး​ပါ။ အောက်ပါ​မေးခွန်းတွေ မေးပါ– “ဒီအချက်​က ယေဟောဝါ​အကြောင်း ဘာ​သင်ပေး​သလဲ၊” ဒါမှ​မဟုတ် “သင့်ကို ဘုရားသခင် ချစ်တယ်​ဆိုတာ ဒီ​အချက်​က ဘယ်လို ဖော်ပြ​သလဲ။” သင်သားကို ယေဟောဝါ ကူညီ​ပေး​နေမှန်း သိမြင်​လာအောင် ကူညီ​ပေး​ပါ။ (၂ရ ၁၆:၉) ကိုယ့်ရဲ့ ဆုတောင်းချက်​ကို ယေဟောဝါ ဘယ်လို အဖြေ​ပေးတယ်​ဆိုတာ ပြောပြ​ပါ။ သင်သားတွေရဲ့ ဆုတောင်းချက်​ကို ဘုရား ဘယ်လို အဖြေ​ပေးတယ်​ဆိုတာ သတိပြု​ဖို့ အားပေးပါ။ ကျမ်းစာ​သင်သားတွေ ယေဟောဝါရဲ့ မေတ္တာကို သိမြင်​လာပြီး ယေဟောဝါ​ကို ချစ်​လာတဲ့အခါ၊ ဘုရား​နဲ့ ရင်းနှီး​ချင်​မှန်း မြင်တွေ့ရ​တဲ့​အခါ တကယ်​ရွှင်လန်း​ပါ​လိမ့်မယ်။

ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းရှိဖို့ ကျမ်းစာသင်သားကို ကူညီပါ ဗီဒီယိုကို ကြည့်ပါ။ ပြီး​တဲ့​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ဂျက်စမင်​မှာ ဘာ​အတားအဆီး ရှိသလဲ။

  • ဂျက်စမင်​ကို နီ​တာ ဘယ်လို ကူညီ​ပေး​သလဲ။

  • အတားအဆီး​ကို ဂျက်စမင် ဘယ်လို အောင်မြင်​သွား​သလဲ။