မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်​အသက်တာ​လမ်းစဉ်

အွန်လိုင်းပေါ်က သင့် သူငယ်ချင်းတွေက ဘယ်သူတွေလဲ

အွန်လိုင်းပေါ်က သင့် သူငယ်ချင်းတွေက ဘယ်သူတွေလဲ

မိတ်ဆွေ​ဆိုတာ “ချစ်ခင်​ကြင်နာ​ခြင်း၊ ရိုသေ​လေးစားခြင်း​တို့​ဖြင့် သံယောဇဉ်​တွယ်​သူ” လို့ အနက်ဖွင့်ဆို​တယ်။ ဥပမာ၊ ဂေါလျတ်​ကို ဒါဝိဒ် သတ်​ပြီး​နောက်​မှာ ယောနသန်​နဲ့ ဒါဝိဒ်ဟာ ရင်းနှီးမှု​ နှောင်ကြိုး ခိုင်မြဲ​တဲ့ မိတ်ဆွေ​တွေ ဖြစ်​သွားတယ်။ (၁ရှ ၁၈:၁) နှစ်သက်စရာ အရည်အသွေးတွေကို အချင်းချင်း တင်ပြ​ကြတယ်။ ဒါ​ကြောင့် ခိုင်မြဲ​တဲ့​ မိတ်ဆွေ နှောင်ကြိုး​က တိကျ​မှန်ကန်​တဲ့ အသိပညာကို အခြေခံ​တယ်။ တခြား​လူတစ်ယောက်နဲ့ ရင်းနှီး​ကျွမ်းဝင်​ဖို့ အချိန်နဲ့ ကြိုးစား​အားထုတ်မှု လိုတယ်။ လူမှုဆက်သွယ်ရေး ကွန်ရက်​တွေ​မှာ​တော့ ခလုတ်​တစ်ချက်​ နှိပ်​လိုက်​ရုံ​နဲ့ လူတွေဟာ “သူငယ်ချင်း” ဖြစ်သွား​နိုင်တယ်။ အွန်လိုင်းမှာ လူတွေဟာ ကိုယ့်ကို အကောင်းမြင်​အောင် ထိန်းထိန်းသိမ်းသိမ်း ပြုမူ​ပြောဆို​နိုင်တယ်။ သူတစ်ပါးကို လှည့်စားဖို့ ကိုယ့်ရဲ့ ပင်ကို​ဇာတိရုပ်​ကို ဖုံးကွယ်​ထား​နိုင်တယ်။ ဒါ​ကြောင့် အွန်လိုင်းမှာ ဘယ်လို လူမျိုးကို သူငယ်ချင်း​အဖြစ် လက်ခံမယ်​ဆိုတာ ကန့်သတ်​ထား​တာ ကောင်း​ပါ​တယ်။ ကိုယ်​မသိတဲ့​သူက အွန်လိုင်းမှာ သူငယ်ချင်း​အဖြစ် လက်ခံ​ပေးဖို့ တောင်းဆို​တဲ့​အခါ ငြင်း​ဖို့ အားမနာ​ပါ​နဲ့။ သူ စိတ်ထိခိုက်​သွား​မလား​ဆိုပြီး မစိုးရိမ်ပါနဲ့။ ဖြစ်လာ​နိုင်​တဲ့ အန္တရာယ်ကို ကြိုမြင်​လို့ တချို့က လူမှု​မီဒီယာတွေ မသုံးဖို့ ဆုံးဖြတ်​ကြတယ်။ လူမှု​မီဒီယာ သုံးဖို့ ဆုံးဖြတ်​တယ်​ဆိုရင် ဘာတွေကို သတိထား​သင့်သလဲ။

လူမှုဆက်သွယ်ရေး ကွန်ရက်​ကို ပညာရှိရှိ အသုံးပြုပါ ဗီဒီယိုကို ကြည့်​ပါ။ ပြီး​တဲ့​နောက် အောက်ပါ​မေးခွန်းတွေကို ဖြေပါ–

  • ကော်​မ​န့်​တွေ၊ ဓာတ်​ပုံ​တွေ မတင်​ခင် ဘာတွေကို ထည့်​စဉ်းစား​သင့်သလဲ။

  • အွန်လိုင်း သူငယ်ချင်းတွေ ရွေးချယ်​တဲ့​အခါ ဘာကြောင့် သတိပြု​သင့်သလဲ။

  • လူမှု​မီဒီယာ သုံးတဲ့​အချိန်ကို ဘာကြောင့် ကန့်သတ်​ထား​သင့်သလဲ။ —ဧ ၅:၁၅၊ ၁၆