ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ
သားဖြစ်သူအတွက် ဖခင်တစ်ဦးရဲ့ မေတ္တာပါ အကြံပြုချက်
ယေဟောဝါဘုရားကို သိကျွမ်းအောင် လုပ်ပါ (၁ရ ၂၈:၉။ က၀၅ ၂/၁၅ ၁၉ ပိုဒ်. ၉)
ယေဟောဝါဘုရားကို စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုပါ (၁ရ ၂၈:၉။ က၁၂ ၄/၁၅ ၁၆ ပိုဒ်. ၁၃)
ယေဟောဝါဘုရားကို အားကိုးပါ၊ မကြောက်ပါနဲ့ (၁ရ ၂၈:၂၀။ က၁၇.၀၉ ၃၂ ပိုဒ်. ၂၀-၂၁)
ငယ်ရွယ်ပြီး အတွေ့အကြုံမရှိတဲ့ သားတော် ရှောလမုန်က ဗိမာန်တော်ဆောက်ဖို့ တာဝန်ကြီးရတယ်။ တာဝန်မထမ်းဆောင်ခင် သူ့ကို သက်ကြီးရွယ်အိုဖခင် ဘုရင်ဒါဝိဒ်က အကြံပြုချက်တွေပေးခဲ့တယ်။ အဲဒီစကားတွေက ခရစ်ယာန်အားလုံးအတွက်၊ အထူးသဖြင့် လူငယ်လေးတွေအတွက် သိပ်တန်ဖိုးရှိတယ်။