မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်အသက်တာလမ်းစဉ်

“စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ”

“စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ”

“အရာအားလုံးထက် စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ” လို့ စွမ်းအားတော်လမ်းညွှန်မှုနဲ့ ရှောလမုန် ရေးသားခဲ့တယ်။ (ပ ၄:၂၃) ဝမ်းနည်းစရာက ဘုရားရဲ့လူမျိုး အစ္စရေးတွေဟာ ယေဟောဝါရဲ့ လမ်းစဉ်တော်အတိုင်း “စိတ်စွမ်းရှိသမျှ” မလျှောက်လှမ်းခဲ့ဘူး။ (၂ရ ၆:၁၄) ဘုရင် ရှောလမုန်တောင် အယူမှားမိန်းမတွေကြောင့် တခြားဘုရားတွေကို ဝတ်ပြုဖို့ စိတ်ယိုင်သွားတယ်။ (၁ဘု ၁၁:၄) ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ဘယ်လို ကာကွယ်စောင့်ရှောက်နိုင်သလဲ။ ၂၀၁၉၊ ဇန်နဝါရီလထုတ် ကင်းမျှော်စင်၊ စာမျက်နှာ ၁၄-၁၉ မှာပါတဲ့ လေ့လာရန်ဆောင်းပါးမှာ အဲဒီအကြောင်း ဆွေးနွေးထားပါတယ်။

ကင်းမျှော်စင်မှ သင်ခန်းစာများ—စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါ မေးခွန်းတွေကို ဖြေပါ။

ဒီညီအစ်ကို/မတွေက ယုံကြည်ခြင်း အားနည်းသွားစေနိုင်တဲ့ ဘယ်လို အခြေအနေတွေကို ကြုံတွေ့ခဲ့ရသလဲ။ လေ့လာရန်ဆောင်းပါးက သူတို့ရဲ့စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ဖို့ ဘယ်လို ကူညီပေးခဲ့သလဲ။

  • ဘရန့်နဲ့ လော်ရန်

  • အွမ်ဂျေ

  • ဟက်ပီး လာယူ

ဒီဆောင်းပါးက သင့်ကို ဘယ်လို ကူညီပေးသလဲ။