ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ
“ဒီအိမ်တော်ကို ငါ အမြဲကြည့်ရှုစောင့်ရှောက်မယ်”
ယေဟောဝါဘုရားက မိမိအတွက် ဗိမာန်တော်ကို ရွေးချယ် (၂ရ ၇:၁၁၊ ၁၂)
ယေဟောဝါက အိမ်တော်ကို အမြဲကြည့်ရှုစောင့်ရှောက်။ ဆိုလိုတာက နာမတော်နဲ့ ဆက်စပ်နေတဲ့ အိမ်တော်မှာ ဖြစ်ပျက်နေတာတွေကို အလေးအနက်ထား ကြည့်ရှုနေ (၂ရ ၇:၁၆။ က၀၂ ၁၁/၁၅ ၅ ပိုဒ်. ၁)
လူတွေသာ ယေဟောဝါရဲ့ လမ်းစဉ်တော်အတိုင်း “စိတ်စွမ်းရှိသမျှ” မလျှောက်လှမ်းရင် ဗိမာန်တော် ဖျက်ဆီးခံရဖို့ ယေဟောဝါ ခွင့်ပြုမယ် (၂ရ ၆:၁၄။ ၇:၁၉-၂၁။ it-2 ၁၀၇၇-၁၀၇၈)
ဗိမာန်တော်ကို ဆက်ကပ်အပ်နှံချိန်မှာတော့ လူတွေက ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ တစ်သက်လုံး ဝတ်ပြုသွားမယ်လို့ ထင်ခဲ့ကြတယ်။ ဝမ်းနည်းစရာက နောက်ပိုင်းမှာ ဝတ်ပြုရေးအတွက် သူတို့ရဲ့ စိတ်အားထက်သန်မှု တစ်စတစ်စ လျော့နည်းလာတယ်။
ကိုယ့်ကိုယ်ကိုယ် မေးပါ။ ‘ဝတ်ပြုရေးမှာ စိတ်စွမ်းရှိသမျှ ပါဝင်နေကြောင်း ဘယ်လို ဖော်ပြနေသလဲ။’