ခရစ်ယာန်အသက်တာလမ်းစဉ်
ဘေးအန္တရာယ် ကျရောက်ပြီးနောက် အကူအညီ ပေးနိုင်ပုံ
သဘာဝဘေးအန္တရာယ်တွေ တစ်နေ့တခြား ပိုများလာတယ်။ ဒါကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို စနစ်တကျ စီစဉ်ဖွဲ့စည်းပြီး ကြီးကြပ်ပေးရမယ်။ အဲဒီလို လုပ်နိုင်ဖို့ အုပ်ချုပ်ရေးအဖွဲ့က ဌာနခွဲတိုင်းမှာ ဘေးအန္တရာယ် ကယ်ဆယ်ရေးဌာန ဖွဲ့စည်းထားတယ်။
ဘေးအန္တရာယ် ကျရောက်ပြီးတာနဲ့ ကယ်ဆယ်ရေးဌာနက ညီအစ်ကိုတွေက ဒေသခံ အကြီးအကဲတွေကို ချက်ချင်းဆက်သွယ်တယ်။ ကြေညာသူတွေ ဘာလိုအပ်လဲဆိုတာ သိအောင် လုပ်ကြတယ်။ အပျက်အစီး များလွန်းလို့ ကြေညာသူတွေ ကိုယ်ထူကိုယ်ထ မလုပ်နိုင်ရင် အရည်အချင်းပြည့်မီတဲ့ ညီအစ်ကိုတွေကို ဌာနခွဲက ခန့်အပ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းကို ဦးဆောင်စေတယ်။ ဦးဆောင်တဲ့ ညီအစ်ကိုတွေက အလုပ်မှာကူညီဖို့ စေတနာ့ဝန်ထမ်းတွေ ခေါ်နိုင်တယ်၊ ပစ္စည်းတချို့ လှူဒါန်းဖို့ မေတ္တာရပ်ခံနိုင်တယ်၊ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူပြီး ကြေညာသူတွေဆီ ပို့ပေးနိုင်တယ်။
အဲဒီအစီအစဉ်အတိုင်း လုပ်တာက သိပ်အကျိုးရှိတယ်။ အဲဒီလိုမဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် စီစဉ်ရင် အကူအညီ ထပ်သွားတာ၊ ရှုပ်ကုန်တာ ဖြစ်နိုင်တယ်၊ အလှူငွေနဲ့ အလှူပစ္စည်းတွေ အလဟဿ ဖြစ်သွားနိုင်တယ်။
ဌာနခွဲက ခန့်အပ်ထားတဲ့ ညီအစ်ကိုတွေက ကယ်ဆယ်ရေးအတွက် ငွေ၊ စေတနာ့ဝန်ထမ်း ဘယ်လောက် လိုမလဲဆိုတာ ဆုံးဖြတ်ကြတယ်။ ကယ်ဆယ်ရေးအလုပ် မြန်ဆန်အောင် ဒေသခံအာဏာပိုင်တွေနဲ့ ဆက်သွယ်ကြတယ်။ ဒါကြောင့် တာဝန်မရဘဲ ကိုယ့်ဘာသာကိုယ် အလှူငွေကောက်တာ၊ ကယ်ဆယ်ရေးပစ္စည်းတွေ ပို့တာ၊ ဘေးအန္တရာယ်သင့် ဒေသတွေဆီ သွားလာတာတွေ မလုပ်သင့်ပါဘူး။
ဘေးအန္တရာယ် ကျရောက်ပြီဆိုရင် ကူညီပေးချင်တာ သဘာဝပါ။ (ဟီ ၁၃:၁၆) ညီအစ်ကို/မတွေကို ချစ်လို့ ဖြစ်တယ်။ ဒါဆို ဘယ်လို ကူညီပေးနိုင်သလဲ။ ဒုက္ခရောက်နေသူတွေနဲ့ သူတို့ကို ကူညီပေးနေသူတွေအတွက် ဆုတောင်းပေးပါ။ ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေ ထည့်ဝင်နိုင်တယ်။ အလှူငွေတွေကို ဘယ်နေရာမှာ သုံးရင် အကောင်းဆုံးလဲဆိုတာကို အုပ်ချုပ်ရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်အောက်မှာရှိတဲ့ ဌာနခွဲရုံးက အသိဆုံး ဖြစ်တယ်။ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ကူညီချင်တယ်ဆိုရင် ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်း လျှောက်လွှာ (DC-50) ကို ဖြည့်ထားပါ။
ဘရာဇီးနိုင်ငံ ရေကြီးမှု ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။
၂၀၂၀၊ ဘရာဇီး ရေကြီးမှုပြီးတဲ့နောက် ယေဟောဝါသက်သေတွေ လုပ်ခဲ့တဲ့ ကယ်ဆယ်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ဘယ်အချက်ကို သဘောကျပါသလဲ။