ခရစ်ယာန်အသက်တာလမ်းစဉ်
နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းနဲ့ ဉာဏ်ပညာ ရှာပုံတော်
ကျမ်းစာမှာပါတဲ့ ဉာဏ်ပညာရှိစကားတွေက ဝှက်ထားတဲ့ ဘဏ္ဍာလို တန်ဖိုးရှိတယ်။ (ပ ၂:၁-၆) ဉာဏ်ပညာက အမြော်အမြင်ရှိဖို့၊ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ဖို့ ကူညီပေးတယ်၊ ကျွန်တော်တို့ကို ကာကွယ်ပေးတယ်။ ဒါကြောင့် ဉာဏ်ပညာဟာ “အရေးကြီးဆုံးပဲ။” (ပ ၄:၅-၇) ကျမ်းစာထဲက ဝှက်ထားတဲ့ ဘဏ္ဍာတွေကို တူးဖို့ အားစိုက်ထုတ်ရမယ်။ ကျမ်းစာကို “နေ့ညမပြတ်၊” နေ့စဉ် ဖတ်ရှုပြီး ဘဏ္ဍာတွေကို စတင်ရှာဖွေပါ။ (ယရ ၁:၈) ကျမ်းစာကို ပုံမှန်ဖတ်ဖို့၊ ကျမ်းစာဖတ်ရှုခြင်းကို နှစ်ခြိုက်လာဖို့ အထောက်အကူပြုတဲ့ အကြံပြုချက်တွေကို သတိပြုကြည့်ပါ။
ဘုရားသခင့်စကားတော်ကို ချစ်မြတ်နိုးတတ်လာအောင် သင်ယူနေကြတဲ့ လူငယ်တွေ ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။
ဒီလူငယ်လေးတွေ ကျမ်းစာကို နေ့တိုင်းဖတ်ဖို့ ဘာအခက်အခဲ ရှိသလဲ။ ဘာက ကူညီပေးသလဲ။
-
မယ်လနီ
-
ဆယ်မြူရယ်
-
စလင်း
-
ရာဖီရယ်လို
ကိုယ်ပိုင် ကျမ်းစာဖတ်ရှုခြင်းဇယား–