ခရစ်ယာန်အသက်တာလမ်းစဉ်
ကျမ်းစာလေ့လာမှုဗီဒီယိုတွေကို အသုံးပြုနိုင်ပုံ
အမှုဆောင်မှာသုံးနိုင်တဲ့ ကျမ်းစာလေ့လာမှုဗီဒီယို လေးခုရှိတယ်။ ဗီဒီယိုတစ်ခုစီမှာ ရည်ရွယ်ချက်ကိုယ်စီ ရှိပါတယ်။
-
ကျမ်းစာဘာကြောင့်လေ့လာသင့်သလဲ—ဗီဒီယိုအရှည် က ဘာသာရေးနောက်ခံအမျိုးမျိုးရှိသူတွေ ကျမ်းစာကို စိတ်ဝင်စားလာစေဖို့ ဖြစ်တယ်။ ဘဝနဲ့ပတ်သက်တဲ့ အရေးကြီးမေးခွန်းတွေရဲ့အဖြေကို ကျမ်းစာကနေ ရှာဖို့ အားပေးထားတယ်။ ကျမ်းစာထဲက ယုတ္တိရှိတဲ့အဖြေတစ်ခုကိုလည်း နမူနာအဖြစ် ဖော်ပြထားတယ်။ ကျမ်းစာလေ့လာမှု တောင်းခံနိုင်ပုံကိုလည်း ပြောပြထားတယ်။
-
ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ (ဗီဒီယို အတို) က ဗီဒီယိုအရှည်နဲ့ဆင်တူပေမဲ့ ဗီဒီယိုအရှည်ရဲ့သုံးပုံတစ်ပုံစာပဲ ရှိတယ်။ အချိန်သိပ်မပေးနိုင်တဲ့ အိမ်ရှင်တွေကို ပြနိုင်ပါတယ်။
-
ကျမ်းစာလေ့လာမှုကို ဘယ်လိုလုပ်ကြသလဲ ဗီဒီယိုက အခမဲ့ကျမ်းစာလေ့လာမှုကို လူတွေ စိတ်ဝင်စားလာအောင် လှုံ့ဆော်ပေးတယ်။ ကျမ်းစာလေ့လာမှုနဲ့ပတ်သက်ပြီး မေးတတ်တဲ့မေးခွန်းတွေနဲ့ ကျမ်းစာလေ့လာမှုတောင်းခံနိုင်ပုံကို ဖော်ပြထားတယ်။
-
ကျမ်းစာလေ့လာဖို့ ဖိတ်ခေါ်ပါတယ် ဗီဒီယိုက ကျမ်းစာသင်သားအသစ်တွေကို ပြဖို့ပါ။ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ်၊ စာမျက်နှာ ၂ မှာ ဗီဒီယိုပြဖို့ ပြောထားပေမဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်ကို ဆွေးနွေးချိန်မှာလည်း ပြနိုင်ပါတယ်။ စာအုပ်ပါ အကြောင်းအရာတွေကို အကြမ်းဖျင်းဖော်ပြထားတဲ့အတွက် သင်သားအနေနဲ့ ဘာတွေ လေ့လာရမလဲဆိုတာ သိလာမယ်။
ဗီဒီယိုတစ်ခုစီမှာ ရည်ရွယ်ချက်ကိုယ်စီရှိပေမဲ့ သင့်လျော်သလို ပြနိုင်တယ်၊ လင့်ခ်ပို့ပေးနိုင်တယ်။ ဗီဒီယိုတွေနဲ့ အကျွမ်းတဝင်ရှိထားပါ။ အမှုဆောင်မှာ အကျိုးရှိရှိ အသုံးပြုကြပါ။