မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မတ် ၄-၁၀

ဆာလံ ၁၆-၁၇

မတ် ၄-၁၀

သီချင်း ၁၁၁ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ ‘ခံစားရတဲ့ ကောင်းကျိုးချမ်းသာ မှန်သမျှ ယေဟောဝါဆီက လာတာပါ’

(၁၀ မိ.)

ယေဟောဝါကို ဝတ်ပြုသူတွေနဲ့ မိတ်ဆွေဖွဲ့နိုင်လို့ ပျော်ရွှင်မှုရ (ဆ ၁၆:၂၊ ၃က၁၈.၁၂ ၂၆ ပိုဒ်. ၁၁)

ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိလို့ ကျေနပ်မှုရ (ဆ ၁၆:၅၊ ၆က၁၄ ၂/၁၅ ၂၉ ပိုဒ်. ၄)

ဝတ်ပြုရေးပိုင်းမှာ ယေဟောဝါရဲ့ ကာကွယ်မှုရလို့ လုံခြုံမှု ခံစားရ (ဆ ၁၆:၈၊ ၉က၀၈ ၂/၁၅ ၃ ပိုဒ်. ၂-၃)

ယေဟောဝါဟာ ကောင်းမြတ်မှုရဲ့ရင်းမြစ် ဖြစ်တယ်။ ဒါကြောင့် ဝတ်ပြုရေးကို ဘဝမှာ ဦးစားထားမယ်ဆိုရင် ကျွန်တော်တို့လည်း ဒါဝိဒ်လို ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် မေးပါ– ‘အမှန်တရား မရခင်တုန်းကအချိန်နဲ့ နှိုင်းယှဉ်ကြည့်ရင် လက်ရှိဘဝအသက်တာမှာ ဘာတိုးတက်မှုတွေ မြင်ရသလဲ။’

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ဆ ၁၇:၈—“ကိုယ်တော်ရဲ့ မျက်ဆန်” ဆိုပြီး ဘာကြောင့် သုံးနှုန်းထားသလဲ။ (it-2 ၇၁၄)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေ ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၁ မိ.) တစ်အိမ်မှတစ်အိမ်။ အောက်မေ့ရာနေ့ဖိတ်စာ ဝေငှပါ။ (th သင်ခန်းစာ ၁၁)

၅။ စကားစမြည် စပြောခြင်း

(၃ မိ.) တစ်အိမ်မှတစ်အိမ်။ အောက်မေ့ရာနေ့ဖိတ်စာ ဝေငှပါ။ စိတ်ဝင်စားမှုပြတယ်ဆိုရင် လူအားလုံးနဲ့ဆိုင်တဲ့ ယေရှုရဲ့ သေခြင်း ဗီဒီယိုပြပြီး ဆွေးနွေးပါ။ (th သင်ခန်းစာ ၉)

၆။ စကားစမြည် စပြောခြင်း

(၂ မိ.) အလွတ်သဘော သက်သေခံခြင်း။ အောက်မေ့ရာနေ့ဖိတ်စာ ဝေငှပါ။ (th သင်ခန်းစာ ၂)

၇။ တပည့် ဖြစ်စေခြင်း

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၂၀

၈။ အောက်မေ့ရာနေ့အတွက် ဘယ်လိုပြင်ဆင်နိုင်သလဲ

(၁၅ မိ.) ဆွေးနွေးပါ။

ယေရှုရဲ့အမိန့်ကို နာခံတဲ့အနေနဲ့ မတ် ၂၄၊ တနင်္ဂနွေနေ့မှာ ယေရှုရဲ့ သေခြင်း အောက်မေ့ရာနေ့ကို ကျင်းပပါမယ်။ လူ့သမိုင်းတစ်လျှောက်မှာ အကြီးမားဆုံး မေတ္တာပြသခဲ့သူနှစ်ဦးကို သတိရအောက်မေ့ဖို့ပါ။ (လု ၂၂:၁၉။ ယဟ ၃:၁၆။ ၁၅:၁၃) ဒီအထူးအခါသမယအတွက် ဘယ်လို ပြင်ဆင်နိုင်သလဲ။

  • အထူးဟောပြောချက်နဲ့ အောက်မေ့ရာနေ့အစီအစဉ်ကို လာတက်ဖို့ ဖိတ်ခေါ်တဲ့ ကင်ပိန်းမှာ အင်တိုက်အားတိုက် ပါဝင်နိုင်တယ်။ ဖိတ်ချင်သူတွေကို စာရင်းပြုစုပါ။ သူတို့ထဲက တစ်ယောက်ယောက်က ကိုယ့်အမှုဆောင်ရပ်ကွက်ထဲက မဟုတ်ရင် သူ့ဒေသမှာ အစည်းအဝေး ကျင်းပတဲ့ အချိန်နဲ့နေရာကို သိဖို့ jw.org မှာ ကြည့်နိုင်တယ်။

  • မတ်နဲ့ဧပြီလမှာ အမှုဆောင်လုပ်ငန်းကို တိုးချဲ့နိုင်တယ်။ ၁၅ နာရီ ဒါမှမဟုတ် နာရီ ၃၀ နဲ့ အရန်ရှေ့ဆောင် လုပ်ကြမလား။

  • ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးအပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အရေးကြီးဖြစ်ရပ်တွေအကြောင်း မတ် ၁၈ ရက်နေ့ကစပြီး လေ့လာသုံးသပ်နိုင်တယ်။ စာမျက်နှာ ၆-၇၊ “၂၀၂၄ အောက်မေ့ရာနေ့ ကျမ်းစာဖတ်ရှုခြင်း ဇယား” ထဲက အကြောင်းအရာတွေကို မိသားစုလိုက် တစ်နေ့ ဘယ်လောက်ဖတ်မယ်ဆိုတာ ဆုံးဖြတ်နိုင်တယ်။

  • jw.org မှာတင်ထားတဲ့ အထူးနံနက်ဝတ်ပြုမှုကို အောက်မေ့ရာနေ့မှာ ကြည့်ပါ။

  • အောက်မေ့ရာနေ့မှာ လူသစ်တွေနဲ့ မလှုပ်ရှားသူတွေကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါ။ သူတို့တစ်ခုခု မေးလာရင် ဖြေပေးပါ။ သူတို့ဆီ လည်ပတ်ပြီး ဆက်ကူညီပေးနိုင်ဖို့ စီစဉ်ပါ။

  • အောက်မေ့ရာနေ့ မတိုင်ခင်နဲ့ပြီးနောက် ရွေးနုတ်ဖိုးအကြောင်း တွေးတောဆင်ခြင်ပါ။

လူအားလုံးနဲ့ဆိုင်တဲ့ ယေရှုရဲ့ သေခြင်း ဗီဒီယိုပြပါ ပြီးနောက် ပရိသတ်ကို မေးပါ–

အောက်မေ့ရာကင်ပိန်းအတွင်း ဒီဗီဒီယိုကို ဘယ်လို အသုံးပြုနိုင်သလဲ။

၉။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၇၃ နဲ့ ဆုတောင်းချက်