ဧပြီ ၁-၇
ဆာလံ ၂၃-၂၅
သီချင်း ၄ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)
၁။ “ယေဟောဝါဟာ ငါ့သိုးထိန်းပါ”
(၁၀ မိ.)
ကျွန်တော်တို့ကို ယေဟောဝါ ဦးဆောင် (ဆ ၂၃:၁-၃။ က၁၁ ၅/၁ ၃၁ ပိုဒ်. ၃)
ကျွန်တော်တို့ကို ယေဟောဝါ ကာကွယ် (ဆ ၂၃:၄။ က၁၁ ၅/၁ ၃၁ ပိုဒ်. ၄)
ကျွန်တော်တို့ကို ယေဟောဝါ ကျွေးမွေး (ဆ ၂၃:၅။ က၁၁ ၅/၁ ၃၁ ပိုဒ်. ၅)
မေတ္တာပြည့်ဝတဲ့ သိုးထိန်းက သိုးတွေကို ဂရုစိုက်သလို ယေဟောဝါလည်း မိမိကျေးကျွန်တွေကို ဂရုစိုက်စောင့်ရှောက်တယ်။
ကိုယ့်ကိုယ်ကိုယ် မေးပါ– ‘ယေဟောဝါရဲ့ ဂရုစိုက်စောင့်ရှောက်မှုကို ငါကိုယ်တိုင် ဘယ်လိုခံစားရသလဲ။’
၂။ ဘုရားရေးရာ ရတနာ
(၁၀ မိ.)
ဆ ၂၃:၃—“ဖြောင့်မတ်ခြင်းလမ်း” ဆိုတာဘာလဲ။ အဲဒီလမ်းကနေ လွဲချော်မသွားအောင် ဘာက ကူညီပေးမလဲ။ (က၁၁ ၂/၁၅ ၂၄ ပိုဒ်. ၁-၃)
ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေ ဝေမျှချင်သလဲ။
၃။ ကျမ်းစာဖတ်ရှုခြင်း
(၄ မိ.) ဆ ၂၃:၁–၂၄:၁၀ (th သင်ခန်းစာ ၅)
၄။ စကားစမြည် စပြောခြင်း
(၃ မိ.) အလွတ်သဘော သက်သေခံခြင်း။ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်နေသူကို နှစ်သိမ့်မှုဖြစ်စေတဲ့ ကျမ်းတစ်ချက် ဝေမျှပါ။ (lmd သင်ခန်းစာ ၂ အချက် ၅)
၅။ ပြန်လည်ပတ်ခြင်း
(၄ မိ.) တစ်အိမ်မှတစ်အိမ်။ ပျော်စရာဘဝ ထာဝရစံစားကြ စာစောင် လက်ခံခဲ့သူနဲ့ ကျမ်းစာသင်အံမှု စပါ။ (lmd သင်ခန်းစာ ၉ အချက် ၃)
၆။ တပည့် ဖြစ်စေခြင်း
သီချင်း ၅၄
၇။ သူစိမ်းတွေရဲ့ အသံကို ကျွန်တော်တို့ ငြင်းပယ်ကြ
(၁၅ မိ.) ဆွေးနွေးပါ။
သိုးတွေက သိုးထိန်းရဲ့အသံကို သိပြီး သိုးထိန်းနောက် လိုက်ကြတယ်။ သူစိမ်းရဲ့အသံကို ကြားရင်တော့ ထွက်ပြေးကြတယ်။ (ယဟ ၁၀:၅) ကျွန်တော်တို့လည်း မေတ္တာပြည့်ဝပြီး ယုံကြည်စိတ်ချရတဲ့ သိုးထိန်းကောင်း ယေဟောဝါနဲ့ ယေရှုရဲ့ အသံကို နားထောင်ကြတယ်။ (ဆ ၂၃:၁။ ယဟ ၁၀:၁၁) “မဟုတ်မမှန်တာတွေ” ပြောပြီး ယုံကြည်ခြင်းအားနည်းအောင် လုပ်ဖို့ ကြိုးစားနေတဲ့ သူစိမ်းတွေရဲ့အသံကိုတော့ ငြင်းပယ်ကြတယ်။—၂ပ ၂:၁၊ ၃။
ကမ္ဘာပေါ်မှာ သူစိမ်းရဲ့အသံ ဦးဆုံးကြားရချိန်အကြောင်း ကမ္ဘာဦး အခန်းကြီးသုံးမှာ မှတ်တမ်းတင်ထားတယ်။ စာတန်က မိမိရဲ့သရုပ်သကန်ကို ဖုံးကွယ်ပြီး ဧဝဆီ ချဉ်းကပ်တယ်။ မိတ်ဆွေအဖြစ်ဟန်ဆောင်ပြီး ယေဟောဝါရဲ့ စကားကို မလိမ့်တပတ် လုပ်တယ်၊ ဘုရားရဲ့စိတ်ရင်းကို သံသယဝင်စေတယ်။ ဝမ်းနည်းစရာက အလိမ်အညာစကားတွေကို ဧဝ နားထောင်ခဲ့လို့ ကိုယ်တိုင်ရော၊ မိသားစုပါ ဝေဒနာတွေ ခါးစည်းခံခဲ့ရတယ်။
ဒီနေ့အချိန်မှာလည်း စာတန်က မကောင်းသတင်းတွေ၊ မမှန်တစ်ဝက် မှန်တစ်ဝက် စကားတွေ၊ အလိမ်အညာတွေ ဖြန့်ပြီး ယေဟောဝါနဲ့ အဖွဲ့အစည်းကို သံသယဝင်လာအောင် လုပ်နေတယ်။ သူစိမ်းရဲ့အသံကြားတာနဲ့ ထွက်ပြေးသင့်တယ်။ စပ်စုချင်စိတ်နဲ့ ခဏလေး နားထောင်ကြည့်ရင်တောင် အန္တရာယ်ရှိလို့ပါ။ ဧဝကို လှည့်စားတုန်းက စကား ဘယ်နှခွန်းလောက်များ စာတန် ပြောခဲ့ရလို့လဲ။ (က ၃:၁၊ ၄၊ ၅) ကိုယ့်ကို ချစ်ပြီး စိတ်ရင်းကောင်းတဲ့သူတစ်ယောက်က ယေဟောဝါရဲ့အဖွဲ့အစည်းအကြောင်း မကောင်းပြောလာရင်ကော။
“သူစိမ်းတွေရဲ့ အသံ” ကို ငြင်းပယ်ပါ ဗီဒီယိုပြပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–
မယုံကြည်သူမိခင်ကို ဂျက်စမင် ဆက်ဆံပုံကနေ ဘာသင်ယူနိုင်သလဲ။