ဧပြီ ၂၉–မေ ၅
ဆာလံ ၃၄-၃၅
သီချင်း ၁၀ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)
၁။ “ယေဟောဝါကို အချိန်တိုင်း ချီးမွမ်းမယ်”
(၁၀ မိ.)
အခက်အခဲတွေ ကြုံရချိန်မှာတောင် ယေဟောဝါကို ဒါဝိဒ် ချီးမွမ်း (ဆ ၃၄:၁။ က၀၇ ၃/၁ ၂၀ ပိုဒ်. ၁၁)
ကိုယ့်ကိုယ်ကိုယ် မဟုတ်ဘဲ ယေဟောဝါကို ဒါဝိဒ် ဂုဏ်တင်ချီးမွမ်း (ဆ ၃၄:၂-၄။ က၀၇ ၃/၁ ၂၁-၂၂ ပိုဒ်. ၁၃)
ဘုရားသခင်ကို ချီးမွမ်းဂုဏ်တင်တဲ့ စကားတွေက ဒါဝိဒ်ရဲ့အပေါင်းအပါတွေကိုလည်း အားရှိစေ (ဆ ၃၄:၅။ က၀၇ ၃/၁ ၂၂ ပိုဒ်. ၁၅)
အဘိမလက်မင်းရဲ့လက်ကနေ ဒါဝိဒ် လွတ်မြောက်လာပြီးနောက် ရှောလုကို နာကြည်းနေသူ ၄၀၀ လောက်က တောထဲမှာ ဒါဝိဒ်နဲ့ လာပူးပေါင်းတယ်။ (၁ရှ ၂၂:၁၊ ၂) သူတို့ကို ရည်သန်ပြီး ဒီဆာလံသီချင်းကို ရေးစပ်ခဲ့တာဖြစ်နိုင်တယ်။—ဆ ၃၄၊ ထိပ်စီး။
ကိုယ့်ကိုယ်ကိုယ် မေးပါ– ‘နောက်အပတ်အစည်းအဝေးမှာ တစ်ယောက်ယောက်နဲ့ စကားပြောတဲ့အခါ ယေဟောဝါကို ဘယ်လိုချီးမွမ်းနိုင်သလဲ။’
၂။ ဘုရားရေးရာ ရတနာ
(၁၀ မိ.)
-
ဆ ၃၅:၁၉—ဒါဝိဒ်က မိမိကို မုန်းတီးသူတွေ “မျက်စပစ်” နေတာမျိုး မဖြစ်ပါစေနဲ့လို့ ဘာကြောင့် ဆုတောင်းတာလဲ။ (က၀၆ ၅/၁၅ ၂၀ ပိုဒ်. ၁)
-
ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေ ဝေမျှချင်သလဲ။
၃။ ကျမ်းစာဖတ်ရှုခြင်း
(၄ မိ.) ဆ ၃၄:၁-၂၂ (th သင်ခန်းစာ ၅)
၄။ စကားစမြည် စပြောခြင်း
(၂ မိ.) အလွတ်သဘော သက်သေခံခြင်း။ သက်သေမခံရသေးခင်မှာ စကားဆက်ပြတ်သွား (lmd သင်ခန်းစာ ၁ အချက် ၄)
၅။ ပြန်လည်ပတ်ခြင်း
(၄ မိ.) အလွတ်သဘော သက်သေခံခြင်း။ (lmd သင်ခန်းစာ ၂ အချက် ၄)
၆။ ယုံကြည်ချက်ကို ရှင်းပြခြင်း
(၅ မိ.) သရုပ်ပြ။ ijwfq ၅၉—အဓိကအကြောင်းအရာ– ပွဲနေ့တစ်ခုကို ကျင်းပသင့်မသင့် ယေဟောဝါသက်သေတွေ ဘယ်လို ဆုံးဖြတ်ကြသလဲ။ (th သင်ခန်းစာ ၁၇)
သီချင်း ၅၉
၇။ အစည်းအဝေးတွေမှာ ယေဟောဝါကို ချီးမွမ်းနိုင်တဲ့ နည်းလမ်းသုံးသွယ်
(၁၅ မိ.) ဆွေးနွေးပါ။
အသင်းတော်အစည်းအဝေးတွေမှာ ယေဟောဝါကို အထူးတလည် ချီးမွမ်းခွင့်ရကြတယ်။ ချီးမွမ်းနိုင်တဲ့ နည်းသုံးနည်းရှိတယ်။
စကားစမြည် ပြောရာမှာ။ တခြားသူတွေနဲ့ စကားစမြည်ပြောတဲ့အခါ ယေဟောဝါရဲ့ ကောင်းမြတ်မှုအကြောင်း ထည့်ပြောနိုင်တယ်။ (ဆ ၁၄၅:၁၊ ၇) ဖတ်ခဲ့၊ ကြားခဲ့တဲ့ အရာတစ်ခုခုကနေ သင် အကျိုးရခဲ့သလား။ အမှုဆောင်မှာ တွေ့ကြုံမှုကောင်း ရခဲ့သလား။ တစ်ယောက်ယောက်ရဲ့ အပြောလေးတစ်ခွန်း၊ လုပ်ရပ်လေးတစ်ခုကြောင့် အားရှိသွားသလား။ ဖန်ဆင်းခြင်းလက်ရာတစ်ခုခုကို ကြည့်ပြီး အံ့ဩမှင်သက်မိသလား။ တကယ်တော့ ဒါတွေအားလုံးဟာ ယေဟောဝါဆီက ဆုလက်ဆောင်တွေပါ။ (ယာ ၁:၁၇) အစည်းအဝေးကို မိနစ်အနည်းငယ် စောစောလာပြီး တခြားသူတွေနဲ့ စကားလက်ဆုံပြောနိုင်ဖို့ ကြိုးစားပါ။
မှတ်ချက်ပေးရာမှာ။ အစည်းအဝေးတစ်ခုမှာ အနည်းဆုံး တစ်ကြိမ်လောက် ကြိုးစားဖြေကြည့်ပါ။ (ဆ ၂၆:၁၂) တိုက်ရိုက်ကျတဲ့အဖြေ ပေးနိုင်တယ် ဒါမှမဟုတ် ထပ်ဆောင်းအချက်၊ ကျမ်းချက်၊ ရုပ်ပုံ၊ ကျင့်သုံးနိုင်ပုံကို ဖြေဆိုနိုင်တယ်။ ကိုယ်ဖြေမယ့်အပိုဒ်မှာ တခြားသူတွေလည်း လက်ထောင်နိုင်ခြေရှိလို့ များများပြင်ဆင်ထားပါ။ စက္ကန့် ၃၀ ထက် မကျော်အောင် ဖြေဆိုရင် တခြားသူတွေလည်း “ဘုရားသခင်ဆီ ပူဇော်သက္ကာ ဆက်သ” ဖို့ အခွင့်အရေး ပိုရလာပါလိမ့်မယ်။—ဟီ ၁၃:၁၅။
သီချင်းဆိုရာမှာ။ နိုင်ငံတော်သီချင်းတွေကို အားပါးတရ သီဆိုပါ။ (ဆ ၁၄၇:၁) အထူးသဖြင့် အသင်းတော်ကြီးတွေမှာဆိုရင် အစည်းအဝေးတိုင်းမှာ မှတ်ချက်ပေးဖို့ အခေါ်ခံရချင်မှ ခံရမယ်။ ဒါပေမဲ့ သီချင်းဆိုတဲ့အခါမှာတော့ အမြဲ ပါဝင်နိုင်တယ်။ အသံမကောင်းဘူးလို့ ခံစားရရင်တောင် အတတ်နိုင်ဆုံး သီဆိုချီးမွမ်းရင် ယေဟောဝါဘုရား နှစ်သက်ကြည်နူးပါလိမ့်မယ်။ (၂က ၈:၁၂) အိမ်မှာလည်း ကြိုပြီး သီချင်းလေ့ကျင့်ထားနိုင်ပါတယ်။
ရွေ့လျားနေတဲ့ သမိုင်း—သီချင်း ဆုလက်ဆောင်၊ အပိုင်း ၁ ဗီဒီယိုပြပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–
လက်ရှိ ယေဟောဝါသက်သေ အဖွဲ့အစည်းရဲ့ သမိုင်းကြောင်းအစမှာ ယေဟောဝါကို ချီးမွမ်းသီဆိုခြင်းကို ဘယ်လိုနည်းနဲ့ အလေးပေး ခဲ့သလဲ။