မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဧပြီ ၈-၁၄

ဆာလံ ၂၆-၂၈

ဧပြီ ၈-၁၄

သီချင်း ၃၄ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ သမာဓိ ခိုင်မြဲအောင် ဒါဝိဒ် လုပ်ဆောင်ခဲ့ပုံ

(၁၀ မိ.)

မိမိကို သန့်စင်ပေးဖို့ ဒါဝိဒ် ယေဟောဝါကို တောင်းဆို (ဆ ၂၆:၁၊ ၂က၀၄ ၁၂/၁ ၁၄ ပိုဒ်. ၈-၉)

မကောင်းတဲ့ အပေါင်းအသင်းကို ဒါဝိဒ် ရှောင်ခဲ့ (ဆ ၂၆:၄၊ ၅က၀၄ ၁၂/၁ ၁၅-၁၆ ပိုဒ်. ၁၂-၁၃)

ယေဟောဝါကို ဝတ်ပြုရတာကို ဒါဝိဒ် နှစ်သက်မြတ်နိုး (ဆ ၂၆:၈က၀၄ ၁၂/၁ ၁၆ ပိုဒ်. ၁၇-၁၈)


ဒါဝိဒ် အမှားတွေ လုပ်ခဲ့ပေမဲ့ “တည်ကြည်တဲ့စိတ်နဲ့” သမာဓိရှိရှိ လျှောက်လှမ်းနိုင်ခဲ့တယ်။ (၁ဘု ၉:၄) အကြောင်းကတော့ ယေဟောဝါကို သူ စိတ်နှလုံးအကြွင်းမဲ့ ချစ်ပြီး ဝတ်ပြုခဲ့လို့ပါ။

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ဆ ၂၇:၁၀—မိတ်ဆွေရင်းချာတွေရဲ့ စွန့်ပစ်မှုခံရတဲ့အခါ ဒီကျမ်းချက်က ဘယ်လိုနှစ်သိမ့်ပေးသလဲ။ (က၀၆ ၇/၁၅ ၂၈ ပိုဒ်. ၁၅)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေ ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၂ မိ.) တစ်အိမ်မှတစ်အိမ်။ သွန်သင်ခြင်း ကိရိယာထဲက ဝေစာတစ်စောင် သုံးပါ။ (th သင်ခန်းစာ ၃)

၅။ ပြန်လည်ပတ်ခြင်း

(၄ မိ.) တစ်အိမ်မှတစ်အိမ်။ ပြီးခဲ့တဲ့အခေါက် ဝေငှခဲ့တဲ့ ဝေစာနောက်ကျောက မေးခွန်းကို ဆွေးနွေးပါ။ jw.org မှာ တင်ထားရာတွေကို ပြပေးပါ။ (lmd သင်ခန်းစာ ၉ အချက် ၃)

၆။ ဟောပြောချက်

(၅ မိ.) lmd နောက်ဆက်တွဲ က အချက် ၃—အဓိကအကြောင်းအရာ– ကမ္ဘာ့ပတ်ဝန်းကျင် နဂိုအတိုင်း ပြန်ကောင်းလာမယ်။ (th သင်ခန်းစာ ၁၃)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၁၂၈

၇။ ကိုယ်ကျင့်တရား စင်ကြယ်အောင် ကြိုးစားနေတဲ့ ဆယ်ကျော်သက်များ

(၁၅ မိ.) ဆွေးနွေးပါ။

ကိုယ်ကျင့်တရားစင်ကြယ်ပြီး သမာဓိဆက်ထိန်းနိုင်အောင် ခရစ်ယာန်လူငယ်တွေ မပြတ်ကြိုးစားနေရမယ်။ ကိုယ်တိုင်ရဲ့ မစုံလင်တဲ့သွေးသားဆန္ဒကို တိုက်လှန်နေရနိုင်တယ်။ လိင်စိတ်ပြင်းပြတဲ့ ငယ်ရွယ်ပျိုမျစ်ချိန်မှာ ကိုယ်ကျင့်တရား စင်ကြယ်အောင် ကြိုးစားနေရနိုင်တယ်။ (ရ ၇:၂၁။ ၁က ၇:၃၆) လိင်တူနဲ့ဖြစ်ဖြစ်၊ လိင်ခြားနဲ့ဖြစ်ဖြစ် လိင်ဆက်ဆံဖို့ တခြားသူတွေရဲ့ မပြတ်ဖိအားပေးမှုကိုလည်း တွန်းလှန်နေရနိုင်တယ်။ (ဧ ၂:၂) လူငယ်တို့၊ သမာဓိစောင့်ထိန်းဖို့ သင်တို့ ကြိုးစားနေတာကို မြင်ရလို့ ကျွန်တော်တို့ ဂုဏ်ယူပါတယ်။

ဆယ်ကျော်သက် ဘဝ—လက်မထပ်ခင် လိင်ဆက်ဆံဖို့ ဖိအားပေးခံရတဲ့အခါ ဘယ်လို ငြင်းနိုင်သလဲ ဗီဒီယိုပြပါ ပြီးနောက် ပရိသတ်ကို မေးပါ–

  • ခိုရီနဲ့ ကမ်ရင်တို့ ဘယ်ရွယ်တူချင်းဖိအားကို ကြုံတွေ့ခဲ့ရသလဲ။

  • သမာဓိစောင့်ထိန်းနိုင်အောင် သူတို့ကို ဘာက ကူညီပေးခဲ့သလဲ။

  • သင်လည်း အလားတူ ကြုံတွေ့ရတဲ့အခါ ဘယ်ကျမ်းစာမူကနေ အကူအညီ ရနိုင်သလဲ။

၈။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၃၈ နဲ့ ဆုတောင်းချက်