မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မတ် ၁၇-၂၃

ပညာအလိမ္မာ ၅

မတ် ၁၇-၂၃

သီချင်း ၁၂၂ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)

ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ

၁။ လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ပါ

(၁၀ မိ.)

လိင်အကျင့်ယိုယွင်းဖို့ အလွယ်တကူ သွေးဆောင်ခံရနိုင် (ပ ၅:၃က၀၀ ၇/၁၅ ၂၉ ပိုဒ်. ၁)

လိင်အကျင့်ယိုယွင်းမှုက ခါးသီးတဲ့အကျိုးဆက်တွေ ဖြစ်စေ (ပ ၅:၄၊ ၅က၀၀ ၇/၁၅ ၂၉ ပိုဒ်. ၂)

လိင်အကျင့်ယိုယွင်းမှုကို ဝေးဝေးရှောင်ပါ (ပ ၅:၈က၀၀ ၇/၁၅ ၂၉ ပိုဒ်. ၅)

ခရစ်ယာန်ညီအစ်မက ကျောင်းနေဖက် ကောင်လေးကို ဖုန်းနံပါတ်ပေးဖို့ ငြင်းဆိုနေ

၂။ ဘုရားရေးရာ ရတနာ

(၁၀ မိ.)

  • ပ ၅:၉—လိင်အကျင့်ယိုယွင်းမှုကြောင့် “ကိုယ့်ဂုဏ်သိက္ခာကို သူတစ်ပါးလက်ထဲ အပ်ရ” တဲ့အဖြစ် ဘယ်လိုရောက်သွားနိုင်သလဲ။ (က၀၀ ၇/၁၅ ၂၉ ပိုဒ်. ၇)

  • ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေ ဝေမျှချင်သလဲ။

၃။ ကျမ်းစာဖတ်ရှုခြင်း

အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ

၄။ စကားစမြည် စပြောခြင်း

(၃ မိ.) အများရှေ့ သက်သေခံခြင်း။ ခရစ်ယာန်မဟုတ်သူတစ်ယောက်ကို အောက်မေ့ရာနေ့ ဖိတ်ပါ။ jw.org ကိုသုံးပြီး သူ့အနီးနားက အောက်မေ့ရာနေ့ ကျင်းပတဲ့နေရာကို ရှာပါ။ (lmd သင်ခန်းစာ ၆ အချက် ၄)

၅။ ပြန်လည်ပတ်ခြင်း

(၄ မိ.) တစ်အိမ်မှတစ်အိမ်။ အောက်မေ့ရာနေ့ ဖိတ်စာလက်ခံပြီး စိတ်ဝင်စားကြောင်းပြခဲ့သူဆီ ပြန်လည်ပတ်ပါ။ (lmd သင်ခန်းစာ ၉ အချက် ၅)

၆။ တပည့်ဖြစ်စေခြင်း

(၅ မိ.) lff သင်ခန်းစာ ၁၆ အနှစ်ချုပ်၊ ပြန်လည်သုံးသပ်ခြင်း၊ ရည်မှန်းပန်းတိုင်။ ယေရှုလက်ထပ်ခဲ့သလားဆိုပြီး ကျမ်းစာသင်သားမေးလာတဲ့အခါ ရှာဖွေလေ့လာနည်း ပြပေးပါ။ (lmd သင်ခန်းစာ ၁၁ အချက် ၄)

ခရစ်ယာန်အသက်တာလမ်းစဉ်

သီချင်း ၁၂၁

၇။ ရည်းစားထားတဲ့အခါ ကိုယ်ကျင့်တရားစင်ကြယ်နေဖို့ သတိပြုပါ

(၁၅ မိ.) ဆွေးနွေးပါ။

“တခြားသူတွေ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ချစ်ကြိုက်နေသူနှစ်ယောက် ဖုန်းနဲ့ဆက်သွယ်တာ ဒါမှမဟုတ် တခြားသူတွေနဲ့ဖြစ်စေ၊ နှစ်ယောက်တည်းဖြစ်စေ တွေ့ဆုံခြင်း” ကို ရည်းစားထားတယ်လို့ သတ်မှတ်ပါတယ်။ အပျော်သဘောနဲ့ ရည်းစားမထားသင့်ဘူး။ အိမ်ထောင်ပြုဖို့ ရည်ရွယ်ချက်အတွက်ပဲ ဖြစ်သင့်တယ်။ လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ရည်းစားထားချိန်မှာ လိင်အကျင့်ယိုယွင်းတာမျိုး မဖြစ်စေဖို့ ဘာတွေ လုပ်ဆောင်နိုင်သလဲ။—ပ ၂၂:၃

အိမ်ထောင်မင်္ဂလာအတွက် ပြင်ဆင်ခြင်း—အပိုင်း ၁– ငါ တစ်ယောက်ယောက်နဲ့တွဲသင့်ပြီလား—ကောက်နုတ်ချက် ဗီဒီယို ပြပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–

  • အိမ်ထောင်ပြုဖို့ အဆင်သင့်မဖြစ်သေးရင် ဘာကြောင့် ရည်းစားမထားသင့်သလဲ။ (ပ ၁၃:၁၂။ လု ၁၄:၂၈-၃၀)

  • သမီးကို မိဘတွေ ကူညီပေးပုံနဲ့ပတ်သက်ပြီး ဘယ်အချက်ကို သဘောကျသလဲ။

ပညာအလိမ္မာ ၂၈:၂၆ ကိုဖတ်ပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–

  • လိင်အကျင့်ယိုယွင်းမှု ဖြစ်စေနိုင်တဲ့ အခြေအနေကို ရှောင်ကြဉ်ဖို့ သမီးရည်းစားနှစ်ယောက် ဘယ်လို ကြိုတင်ဆွေးနွေးထားနိုင်သလဲ။

  • လက်ကိုင်ခြင်း၊ နမ်းခြင်း စတဲ့ ချစ်ခင်ယုယတဲ့ အပြုအမူတွေကို ဘယ်အတိုင်းအတာထိပဲ ဖော်ပြမယ်ဆိုတာနဲ့ပတ်သက်ပြီး ကြိုတင်ဆွေးနွေးထားတာ ဘာကြောင့် ပညာရှိရာရောက်သလဲ။

ဧဖက် ၅:၃၊ ၄ ကိုဖတ်ပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–

  • ဖုန်းနဲ့၊ အွန်လိုင်းနဲ့ ဆက်သွယ်တဲ့အခါ ဘယ်အချက်ကို သတိပြုသင့်သလဲ။

၈။ အသင်းတော် ကျမ်းစာလေ့လာမှု

နိဂုံးချုပ်မှတ်ချက် (၃ မိ.) | သီချင်း ၃ နဲ့ ဆုတောင်းချက်