ဧပြီ ၂၈–မေ ၄
ပညာအလိမ္မာ ၁၁
သီချင်း ၉၀ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)
၁။ မပြောသင့်တဲ့ စကား
(၁၀ မိ.)
တခြားသူကို ထိခိုက်စေတဲ့စကား မပြောပါနဲ့ (ပ ၁၁:၉။ က၀၂ ၅/၁၅ ၂၆ ပိုဒ်. ၄)
စိတ်ဝမ်းကွဲစေတဲ့စကား မပြောပါနဲ့ (ပ ၁၁:၁၁။ က၀၂ ၅/၁၅ ၂၇ ပိုဒ်. ၂-၃)
အတွင်းရေးကိစ္စတွေ မပြောပါနဲ့ (ပ ၁၁:၁၂၊ ၁၃။ က၀၂ ၅/၁၅ ၂၇ ပိုဒ်. ၅)
တွေးတောဆင်ခြင်ရန်။ ထိခိုက်နစ်နာစေတဲ့စကား မပြောဖို့ လုကာ ၆:၄၅ မှာပါတဲ့ ယေရှုရဲ့စကားက ဘယ်လို ကူညီပေးသလဲ။
၂။ ဘုရားရေးရာ ရတနာ
(၁၀ မိ.)
-
ပ ၁၁:၁၇—သနားကြင်နာမှုပြတာက ကျွန်တော်တို့ကို ဘယ်လို အကျိုးပြုသလဲ။ (န၂၀.၁ ၁၁၊ လေးထောင့်ကွက်)
-
ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေ ဝေမျှချင်သလဲ။
၃။ ကျမ်းစာဖတ်ရှုခြင်း
(၄ မိ.) ပ ၁၁:၁-၂၀ (th သင်ခန်းစာ ၅)
၄။ စကားစမြည် စပြောခြင်း
(၄ မိ.) အလွတ်သဘော သက်သေခံခြင်း။ အစည်းအဝေးမှာ ကြားသိခဲ့တဲ့အချက်ကို ဝေမျှဖို့ အခွင့်အရေး ရှာကြံပါ။ (lmd သင်ခန်းစာ ၂ အချက် ၄)
၅။ ပြန်လည်ပတ်ခြင်း
(၄ မိ.) အလွတ်သဘော သက်သေခံခြင်း။ သွန်သင်ခြင်းကိရိယာထဲက ဗီဒီယို တစ်ခုပြပါ။ (lmd သင်ခန်းစာ ၈ အချက် ၃)
၆။ တပည့်ဖြစ်စေခြင်း
(၄ မိ.) အများရှေ့ သက်သေခံခြင်း။ ကျမ်းစာသင်အံမှု ကမ်းလှမ်းပါ၊ သင်အံမှုလုပ်ပုံ ပြပေးပါ။ (lmd သင်ခန်းစာ ၁၀ အချက် ၃)
သီချင်း ၁၅၇
၇။ သင့်စကားကြောင့် ငြိမ်သက်မှု မပျက်ပြားပါစေနဲ့
(၁၅ မိ.) ဆွေးနွေးပါ။
မစုံလင်တဲ့လူသားတွေဖြစ်လို့ ကျွန်တော်တို့ ပြောမှားဆိုမှားရှိတတ်ကြတယ်။ (ယာ ၃:၈) ဒါပေမဲ့ ပြဿနာဖြစ်စေတဲ့ အပြောအဆိုတွေကို သိထားမယ်ဆိုရင် အဲဒါတွေကို သတိထားရှောင်နိုင်ပါလိမ့်မယ်။ အသင်းတော်ရဲ့ ငြိမ်သက်မှုကို ပျက်စီးစေတဲ့ အပြောအဆိုတွေကတော့–
-
ကြွားဝါတဲ့စကား။ ကိုယ့်ဂုဏ်ကိုယ်ဖော်တာက အပြိုင်အဆိုင်စိတ်၊ မနာလိုစိတ်တွေ ဖြစ်စေတယ်။—ပ ၂၇:၂
-
မရိုးသားတဲ့စကား။ မရိုးသားတဲ့စကားမှာ လိမ်လည်ခြင်းအပြင် တလွဲကောက်ချက်ချသွားအောင် ရည်ရွယ်ချက်ရှိရှိ ပြောတဲ့စကားတွေ ပါဝင်တယ်။ မရိုးသားတဲ့အပြောအဆို တစ်ခွန်းလေးနဲ့တောင် ယုံကြည်မှုနဲ့ နာမည်ကောင်း ပျက်စီးသွားနိုင်တယ်။—ဒေ ၁၀:၁
-
အတင်းအဖျင်း။ တခြားသူတွေအကြောင်း မဟုတ်မမှန်ပြောတာ၊ သူတို့ရဲ့ အတွင်းရေးကိစ္စတွေကို ထုတ်ဖော်ပြောဆိုတာဟာ အတင်းအဖျင်း ပြောတာပါပဲ။ (၁တိ ၅:၁၃) အတင်းအဖျင်းစကားတွေကြောင့် စိတ်ဝမ်းကွဲတာ၊ စကားများတာတွေ ဖြစ်လာနိုင်တယ်။
-
ဒေါသနဲ့ ပြောတဲ့စကား။ ကိုယ့်ကို စိတ်ဆိုးအောင်လုပ်တဲ့သူကို စိတ်မထိန်းဘဲ ရင့်ရင့်သီးသီး ပြန်ပြောတာဖြစ်တယ်။ (ဧ ၄:၂၆) ရင့်သီးတဲ့စကားတွေက စိတ်ထိခိုက်စေတယ်။—ပ ၂၉:၂၂
ငြိမ်သက်မှု ပျက်စီးစေတဲ့အရာတွေကို “ချွတ်ပယ်ပါ”—ကောက်နုတ်ချက် ဗီဒီယို ပြပါ။ ပြီးနောက် ပရိသတ်ကို မေးပါ–
-
အပြောအဆိုကြောင့် အသင်းတော်ရဲ့ ငြိမ်သက်မှု အလွယ်တကူ ပျက်စီးသွားနိုင်ကြောင်း ဘယ်လို သိရသလဲ။
ငြိမ်သက်မှု ပြန်ရအောင် လုပ်ဆောင်နိုင်ပုံအကြောင်း သိဖို့ “ငြိမ်သက်ခြင်းရှိအောင် လုပ်ဆောင်ပြီး ငြိမ်သက်ခြင်း အမြဲရှိနိုင်အောင် အစွမ်းကုန်ကြိုးစားပါ” ဗီဒီယို ကြည့်ပါ။
၈။ အသင်းတော် ကျမ်းစာလေ့လာမှု
(၃၀ မိ.) bt အခန်း ၂၅ ပိုဒ်. ၁၄-၂၁