သစ္စာရှိသူယောဘ ညည်းတွားပြောဆိုခဲ့
ယောဘခမျာ ဆင်းရဲမွဲတေ၊ ဝမ်းနည်းပူဆွေးပြီး အတော့်ကိုနာမကျန်းဖြစ်နေပေမဲ့ ဘုရားသခင်အပေါ် ဆက်သစ္စာရှိခဲ့တယ်။ ဒါကြောင့် ယောဘရဲ့သမာဓိကို ချိုးဖျက်နိုင်ဖို့ စိတ်ဓာတ်ကျမှုကို စာတန်အသုံးပြုခဲ့တယ်။ သူ့ “အဖော်” သုံးယောက် ရောက်လာတယ်။ ဦးဆုံး၊ သူတို့က ယောဘကို ကိုယ်ချင်းစာကြောင်း လူမြင်ကောင်းအောင် ပြခဲ့တယ်။ အဲဒီနောက် သူတို့ဟာ ယောဘနဲ့အတူ ခုနစ်ရက်နေခဲ့ကြပေမဲ့ နှစ်သိမ့်စကား တစ်ခွန်းတစ်လေတောင်မပြောဘဲ ယောဘကို စွပ်စွဲ၊ ပြစ်တင်ဝေဖန်ခဲ့ကြတယ်။
ပြင်းထန်တဲ့ဖိစီးမှုတွေကြုံရပေမဲ့ ယေဟောဝါအပေါ် ယောဘ ဆက်သစ္စာရှိခဲ့
-
အကြီးအကျယ် ဝမ်းနည်းပူဆွေးတာကြောင့် ယောဘစိတ်ထဲ အပျက်သဘောထားတွေ ဝင်လာ။ ဘုရားသခင်အပေါ် သူ သစ္စာစောင့်သိတာကို ကိုယ်တော်အရေးမလုပ်ပါဘူးလို့ မှားယွင်းစွာ ကောက်ချက်ချခဲ့
-
စိတ်ပျက်အားငယ်မှုကြောင့် ယောဘဟာ ဒုက္ခတွေကြုံရတဲ့ ဖြစ်နိုင်ဖွယ် တခြားအကြောင်းရင်းတွေကိုတောင် မစဥ်းစားနိုင်တော့
-
ယောဘဟာ သောကမီးတောက်နေပေမဲ့ ယေဟောဝါကိုသူချစ်ကြောင်း စွပ်စွဲပြောဆိုသူတွေကို ချေပခဲ့